၁၁ ဖေဖော်ဝါရီ

 

ဗြိတိန် အိမ်ရှေ့မင်းသား ဖိလစ်သည်  ပြီးခဲ့သည့် ဇန်နဝါရီလက လန်ဒန်မြောက်ပိုင်း ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက် သူ၏ယာဉ်မောင်းလိုင်စင် ကို ပေးအပ်ခဲ့ကြောင်း တော်ဝင်မိသားစု ထုတ်ပြန်ကြေညာချက်အရ သိရသည်။

 

ဇန်နဝါရီ လ ၁၇ ရက်နေ့က အိမ်ရှေ့မင်းသား ဖိလစ်ပါဝင်သော ယာဉ်မတော်တဆဖြစ်ပွားခဲ့ပြီး ဒဏ်ရာမရရှိခဲ့သော်လည်း ဆန်ဒရန်ဟမ် ရှိ တော်ဝန်မိသားစု ခြံဝင်းအနီး ကေအိုင်အေ ကားနှင့်တိုက်မိခဲ့ကြောင်း ဖော်ပြထားသည်။

 

သို့ရာတွင် ကေအိုင်အေ ကားထဲရှိ အမျိုးသမီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာ လက်ကောက်ဝတ်ကျိုးခဲ့ပြီး နောက်တစ်ဦးမှာ ဒူးတွင်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း နှင့် ၉လအရွယ် ယောက်ကျားလေးတစ်ဦးမှာမူ ကားနောက်ခုံတွင် ရှိခဲ့ပြီး ထိခိ်ုက်မှုမရှိခဲ့ကြောင်း သိရသည်။

 

လက်ကောက်ဝတ်ကျိုးခဲ့သူ အမျိုးသမီး က  အိမ်ရှေ့မင်းသားထံမှ တောင်းပန်စကားမရရှိသေးကြောင်း နှင့် သူမအသက်ရှင်နေသည်မှာ ကံကောင်းခြင်း ဖြစ်ကြောင်း  တနင်္ဂနွေကြေးမုံ သို့ ပြောကြားခဲ့သည်။

 

ယာဉ်မတော်တဆမှု ဖြစ်ပွားပြီးနောက်နေ့ရက်များတွင်မင်းသားဖိလစ် က  ကေအိုင်အေ ကားယာဉ်မောင်းထံသို့ တောင်းပန်စာ ပေးပို့ခဲ့ပြီး လမ်းမပေါ်တွင်နေရောင်ခြည် စူးရှတောက်ပမှု သည် မိမိ၏ အမြင်ကို အဟန့်အတား ဖြစ်ခဲ့ပြီး ယင်းမတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။

 

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို