၂ ဇန်နဝါရီ

မန်ချက်စတာမြို့က ဘူတာရုံ မှာ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက လူများကို နှစ်သစ်ကူးညပိုင်းက ဓါးနှင့် ထိုးတဲ့အတွက် လူသုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဓါးနှင့်လိုက်ထိုးတဲ့အမျိုးသားကို အဲဒီနေရာမှာဘဲ ဖမ်းဆီးရရှိခဲ့ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာရှင်များ ဥပဒေအရ တနင်္လာနေ့ ညပိုင်းက ဖမ်းဆီးထားကြောင်း မန်ချက်စတာ မြို့က ရဲတပ်ဖွဲ့ (GMP) က အင်္ဂါနေ့ ညနေပိုင်းက ပြောကြားပါတယ်။ 

 

ဖမ်းဆီးခံထားရသူဟာ ကာလီဖတ် ထာဝရ ရှင်သန်ပါစေနှင့် အလာလို့အော်ခဲ့ကြောင်းနှင့် ဓါးနှင့်အထိုးခံရသူ သုံးဦးထဲမှာရဲအရာရှိတစ်ဦးလည်းပါဝင်ကြောင်း ဆက်လက်ပြောကြားပါတယ်။ 

အလားတူ ဂျာမနီနိုင်ငံမှာလည်း နှစ်သစ်ကူးညပိုင်းက လူအုပ်ထဲကို ကားနှင့်လိုက်တဲ့အတွက်လူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောကြားပါတယ်။ ကားနှင့်လိုက်တိုက်သူဟာ အသက် ၅၀ အရွယ်လောက်ရှိပြီး စိတ်ရောဂါ ခံစားနေရသူလို့ သံသယရှိသူဖြစ်ကြောင်း၊ နိုင်ငံခြားသားတွေကို အဓိက ပစ်မှတ်ထားပြီးကားနှင့်လိုက်တိုက်ကြောင်း သိရပါတယ်။ ဒဏ်ရာရသူ တစ်ချို့မှာ ဒဏ်ရာပြင်းထန်ကြောင်း ရဲကဆက်လက်ပြောကြားပါတယ်။ 

ဂျပန်နိုင်ငံ မြို့တော် တိုကျိုမြို့ရဲ့ အထင်ကရ လမ်းပေါ်မှာ နှစ်သစ်ကူးပွဲ ကျင်းပနေတဲ့ လူတွေဆီကို ကားတစ်စီး က ရည်ရွယ်ချက်ရှိရှိနဲ့ လိုက်တိုက်ခဲ့တဲ့အတွက် လူ ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

MDN
ကိုးကား- AFP