လန်ဒန် ဇွန် ၁၄

 

ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်သည် ကမ္ဘာ့သမိုင်းတွင် ထီးနန်းစံဒုတိယသက်တမ်းအရှည်ဆုံး စိုးစံအုပ်ချုပ်သည့် ဘုရင်မကြီးဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။ ဘုရင်မကြီးသည် နှစ်ပေါင်း ၇၀ နှင့် ၁၂၇ ရက်တိုင်တိုင် စိုးစံအုပ်ချုပ်ခဲ့ပြီးဖြစ်သည်။

 

ဘုရင်မကြီး အဲလိဇဘတ်သည် ၂၀၁၆ ခုနှစ်က ကွယ်လွန်ခဲ့သော ထိုင်းဘုရင်ဘူမိဘောအဒူလျာဒက်ရှ်၏ ထီးနန်းစိုးစံအုပ်ချုပ်သည့်ကာလကို ကျော်လွန်ခဲ့သည်။

 

ဘုရင်မကြီး အဲလိဇဘတ်သည် ၁၄ ဆက်မြောက် ပြင်သစ်ဘုရင်လူးဝစ်လောက်ထီးနန်းစိုးစံသည့်ကာလ၊ မရှည်ကြာခဲ့ပေ။ ပြင်သစ်ဘုရင်သည် ၁၆၄၃ ခုနှစ်မှ ၁၇၁၅ ခုနှစ်အတွင်း နှစ်ပေါင်း ၇၂ နှစ်နှင့် ရက် ၁၁၀ တိုင်တိုင် ထီးနန်းစိုးစံ အုပ်ချုပ်ခဲ့သည်။

 

၁၉၅၂ ခုနှစ် ဖခင်ကွယ်လွန်ပြီးနောက် ဘုရင်မကြီးသည် အသက် ၂၅ နှစ်တွင် ထီးနန်းကို စတင်စိုးစံခဲ့သည်။ ။

 

ဗြိတိန်ပြည်သူများက ဘုရင်မကြီး ထီးနန်းစိုးစံခြင်း နှစ် (၇၀) အထိမ်းအမှတ်အဖြစ် ပလက်တီနမ်ရတု ကျင်းပပေးရန် လုပ်ဆောင်စဉ် ထိုကဲ့သို့ သမိုင်းမှတ်တိုင်တစ်ရပ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဘုရင်မကြီးသည် ယခုအခါတွင် အသက် (၉၆) နှစ်ရှိပြီဖြစ်သည်။

 

အင်န်အိတ်ချ်ကေ