ဗြိတိန်ဆယ်ကျော်သက်တင်းနစ်မယ် အမ်မာရာဒူကာနူ ကမ္ဘာ့အဆင့် ၂၂ နေရာသို့ တက်လှမ်း

ဗြိတိန်ရဲ့ အသက် ၁၈ နှစ်အရွယ် တင်းနစ်မယ် အမ်မာရာဒူကာနူဟာ ယခင်က ကမ္ဘာ့တင်းနစ်လောကရဲ့  အမျိုးသမီးအဆင့်သတ်မှတ်ချက် ၁၅၀ မှာ ရပ်တည်ခဲ့ရာကနေ လက်ရှိမှာ ကမ္ဘာ့အဆင့် ၂၂ နေရာကို တက်လှမ်းခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။

တက်လှမ်းခွင့်ရရှိခဲ့ တင်းနစ်မယ် အမ်မာရာဒူကာနူဟာ  အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲခဲ့ပြီး ပထမဆုံး ဂရန်းဆလမ်းဆုဖလားကို ရယူနိုင်ခဲ့တာ ကြောင့် ကမ္ဘာ့အဆင့် ၂၂ နေရာကို တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

တင်းနစ်မယ် အမ်မာရာဒူကာနူဟာ အောက်တိုဘာ ၁၇ ရက်မှာ စတင်ကျင်းပ မယ့်ဘီအင်န်ပီ ပါရီဘက်စ် အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ဂရန်းဆလမ်း ဆုဖလားနှစ်ကြိမ်အထိ ဆွတ်ခူးထားတဲ့ ဆီမိုနာဟာလက်နဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေတာဖြစ်ပါတယ်။

အခုပြိုင်ပွဲဟာ အမ်မာရာဒူကာနူအနေနဲ့ အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားပြီးနောက် ပထမဆုံးကစားရမယ့်ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

ငွေကြယ်