ဗြိတိန်ခွဲထွက်ရေးသဘောတူညီမှုအတွက် မဲခွဲဆုံးဖြတ်မှုကို ရွှေ့ဆိုင်းရန်မရှိကြောင်း ဒေါင်းနင်းလမ်းက ဖော်ပြ

ဗြိတိန်ခွဲထွက်ရေး သဘောတူညီမှုနှင့် ပတ်သက်၍ ပါလီမန်လွှတ်တော်၌ အင်္ဂါနေ့တွင် ပြုလုပ်မည့် မဲခွဲဆုံးဖြတ်မှုကို ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေက ရွှေ့ဆိုင်းနိုင်ဖွယ်ရှိသည်ဟု သတင်းစာတွင်ရေးသား ဖော်ပြခဲ့မှုများအပေါ် ဒေါင်းနင်းလမ်းက တနင်္ဂနွေနေ့ တွင် ငြင်းဆန်ခဲ့ကြောင်း သိရသည်။

မဲခွဲဆုံးဖြတ်မှုကို ရွှေ့ဆိုင်းခြင်းမရှိ၊ စီစဉ်ထားသည့် အတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဝန်ကြီးချုပ် ထရီဆာမေ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ 

ထွက်ပေါ်နေသည့် သတင်းများမှာ ခန့်မှန်းချက်များသာ ဖြစ်သည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ထရီဆာမေသည် ပိုမိုကောင်းမွန်သော သဘောတူညီမှုကို တောင်းဆိုရန်အလို့ငှာ ဘရပ်ဆဲလ်သို့ သွားရောက်ရန် ပြင်ဆင်နေကြောင်း သိရသည်။ 

ဝန်ကြီးချုပ်ထရီဆာမေသည် အကယ်၍ ၎င်းအနေဖြင့် လာမည့် အင်္ဂါနေ့တွင် ၎င်း၏ ပါလီမန်အဖွဲ့ဝင်များက ၎င်းကို ထောက်ခံမဲပေးကြစေရန်အတွက် ၎င်းကို ယုံကြည်လက်ခံလာအောင် လုပ်ဆောင်မည်ဆိုပါက ဥရောပသမဂ္ဂနှင့်အတူ ရပ်တည်ရန် လိုအပ်သည်ဟုဆိုကာ ဝန်ကြီးများထံမှ ဖိအားပေးမှုများကို ရင်ဆိုင်နေရသည်ဟု ဆန်းဒေးတိုင်းမ်သတင်းစာက ဖော်ပြသည်။

ပြီးခဲ့သည့်တနင်္ဂနွေနေ့တွင် ဝန်ကြီးချုပ် ထရီဆာမေက ၎င်း၏ အဆိုပြုချက်များကို ငြင်းပယ်ခြင်းသည် ဗြိတိန်အတွက် မသေချာ မရေရာမှုများ ဖြစ်လာအောင် လုပ်ဆောင်မည့် အဓိပ္ပာယ်ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဆင်ဟွာ