၁၀ စက်တင်ဘာ
ဗြိတိန်လွှတ်တော်ဟာ သီတင်းငါးပတ် ရပ်နားခြင်းကို ဒီကနေ့ (စက်တင်ဘာ၁၀ရက်) က စတင်ပြီဖြစ်ပါတယ်။ ဗြိတိန်ဘုရင်မကြီးက အောက်တိုဘာ ၁၄ ရက်နေ့မှာ မိန့်ခွန်းပြောကြားပြီး ဖွင့်လှစ်ပေးမယ့် လွှတ်တော်အစည်းအဝေးမှသာ လွှတ်တော်အမတ်တွေပြန်လည် တက်ရောက်ရမှာဖြစ်ပါတယ်။
လွှတ်တော်ရဲ့နောက်ဆုံးရက်မှာလည်း ဝန်ကြီးချုပ်ဂျွန်ဆင် တင်သွင်းတဲ့ အောက်တိုဘာလမှာ အထွေထွေရွေးကောက်ပွဲကျင်းပရေး အဆိုပြုလွှာကိုလည်း လွှတ်တော်အမတ်တွေက ပယ်ချခဲ့တဲ့အတွက် ဂျွန်ဆင်အနေနဲ့ ဒုတိယအကြိမ် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အောက်လွှတ်တော် မရပ်နားခင်မှာ အောက်လွှတ်တော်ဥက္ကဌ ဂျွန်ဘာကိုးကလည်း သူ့ရဲ့ ၁၀ နှစ်ကြာ ဥက္ကဌရာထူး သက်တမ်းကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ နှုတ်ထွက်မှာဖြစ်ပါတယ်။ ဂျွန်ဘာကိုး က နောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာလည်း လွှတ်တော်အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးပြောဆိုပါတယ်။
အောက်လွှတ်တော်ရပ်နားခြင်းနဲ့ပတ်သတ်ပြီ လွှတ်တော်အမတ်တွေက shame on you ဆိုပြီး ဝန်ကြီးချုပ်အား ဆန့်ကျင်ဆန္ဒပြကြတာကို တွေ့ရပါတယ်။
ဝန်ကြီးချုပ် ဂျွန်ဆင်နဲ့ သူ့အစိုးရအဖွဲ့ဝင်တွေဟာ ဒီကနေ့ မနက်ပိုင်းမှာ ဝန်ကြီးချုပ်နေအိမ်မှာ အစည်းဝေးတစ်ခုဖြစ်လုပ်မယ်လို့ သိရပါတယ်။
MDN