၂၄  ဒီဇင်ဘာ

 

 

ဗြိတိန်နိုင်ငံမှ ကုန်ကားမောင်းသမားများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်ကြောင်း ဆေးစစ်ချက် ပါရှိပါက ဗုဒ္ဓဟူးနေ့မှစတင်ကာ ပြင်သစ်နိုင်ငံသို့ ဝင်ခွင့်ပြုမည် ဖြစ်ကြောင်း ပြင်သစ်အစိုးရက  ထုတ်ပြန်ကြေညာခဲ့သည်။

 

 

အဆိုပါ နှစ်နိုင်ငံသည် ဒိုဗာရေလက်ကြားအောက်ရှိ ဉမင်လိုဏ်ခေါင်းကိုဖြတ်၍ ဆက်သွယ်ထားပြီး ကူးတို့လှေတို့ဖြင့် နှစ်နိုင်ငံအကြား ဖြတ်သန်းသွားလာကြသည်။

 

 

ဗြိတိန်နိုင်ငံတွင် ဗိုင်းရပ်စ်မျိုးဗီဇသစ် ကူးစက်မှုကို တွေ့ရှိရပြီးနောက် ယင်းနိုင်ငံမှ ဝင်လာသူများကို ခေတ္တဆိုင်းငံ့ခံရ၊ ကုန်စည်စီးဆင်းမှုများ ရပ်တန့်ခဲ့ရပြီး ထောင်နှင့်ချီသော ကုန်ကားများ ဗြိတိန်နိုင်ငံဘက်တွင် သောင်တင်ခဲ့ရသည်။

 

 

ဗိုင်းရပ်စ်မျိုးဗီဇသစ် ကူးစက်မှု တွေ့ရှိခြင်းကြောင့် ဗြိတိန်နိုင်ငံ အနေဖြင့် အခြားဉရောပနိုင်ငံများမှ ထုတ်ကုန်များ တင်သွင်း၊ တင်ပို့မှုနှင့် ပတ်သက်ပြီး စိုးရိမ်မှု မြင့်တက်လာနေသည်။

 

 

ခရစ္စမတ် မတိုင်မီ အစားအသောက်ကုန် ပစ္စည်းများ ရောက်လာမည်ဟု ယူဆရသော်လည်း ကုန်ပစ္စည်းပေးပို့မှု နှောင့်နှေးဖွယ်ရှိသည်ဟု အီတလီနိုင်ငံမှ ကုန်ပစ္စည်း ရောင်းဝယ်နေသည့် ကုမ္ပဏီတစ်ခုက ဆိုသည်။

 

 

ဒိုဗာရေလက်ကြားကို ဖြတ်သန်းကာ ကုန်ကားများဖြင့် ကုန်ပစ္စည်းတင်သွင်းမှု၏ ၈၀ ရာခိုင်နှုန်းကို သယ်ဆောင်ကြောင်း ထိုကုမ္ပဏီက ပြောကြားသည်။

 

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို