လန်ဒန် ဇွန် ၁၅
ဗြိတိန်၌ လွန်ခဲ့သည့်တစ်ရက်အတွင်း မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ၁၀၄ ဦး စံချိန်တင်တွေ့ရှိခဲ့ကြောင်းနှင့် လက်ရှိတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရသူပေါင်း ၄၇၀ ရှိလာကြောင်း ဗြိတိန်ကျန်းမာရေးအေဂျင်စီက ပြော ကြားသည်။
လူတိုင်း မျောက်ကျောက်ရောဂါ ကူးစက်ခံရနိုင်ကြောင်း၊ အထူးသဖြင့် ရောဂါလက္ခဏာရှိသူနှင့် အနီးကပ်ထိတွေ့ ဖူးပါက ကူးစက်မှုပိုမိုလွယ်ကူကြောင်း အဆိုပါ ကျန်းမာရေးအေဂျင်စီက ပြောကြားသည်။
လက်ရှိ ဗြိတိန်၌ မျောက်ကျောက်ရောဂါ ကူးစက်ခံရမှုတွင် အင်္ဂလန်နိုင်ငံ၌ ၄၅၂ ဦး၊ စကော့တလန်နိုင်ငံ၌ ၁၂ ဦး၊ ဝေးလ်နိုင်ငံ၌ လေးဦးနှင့် မြောက်အိုင်ယာ လန်နိုင်ငံ၌ နှစ်ဦးအသီးသီး ကူးစက်ခံထားရကြောင်း သိရသည်။
ဗြိတိန်ကျန်းမာရေး အေဂျင်စီ၏ အချက်အလက်များသည် မျောက်ကျောက်ရောဂါ ပြန့်ပွားမှု အန္တရာယ်များကို မီးမောင်းထိုးပြနေခြင်း ဖြစ်ကြောင်းလည်း အရှေ့အန်ဂလီယာတက္ကသိုလ်ရှိ နော့ဝှစ်ခ်ျ ဆေးကျောင်းမှ ဆေးဘက်ဆိုင်ရာ ပါမောက္ခ ပေါလ်ဟန်တာက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။ ။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်