ဗြိတိန်နဲ့ လေယာဉ်ပျံသန်းမှုကို ဆက်လက်ရပ်ဆိုင်းသွားမှာဖြစ်ကြောင်း ရုရှားဆုံးဖြတ်

၁၂ ဇန်နဝါရီ

 

ရုရှားနိုင်ငံက ဗြိတိန်နိုင်ငံနဲ့ လေယာဉ်ပျံသန်းမှု ဆက်လက်ရပ်ဆိုင်းသွားမယ်လို့ ဒီနေ့(အင်္ဂါနေ့)မှာ အတည်ပြုပြောကြားပါတယ်။

 

ဗြိတိန်နိုင်ငံမှာ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးသစ်တွေ့ တွေ့ရှိမှုကြောင့် လေယာဉ်ပျံသန်းမှုကို ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ဆက်လက်ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။

 

ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးအသစ် B117 ဟာ အင်္ဂလန်အရှေ့တောင်ပိုင်းမှာ ၂၀၂၀ ခုနှစ်အကုန်ပိုင်းမှာ စတင်တွေ့ရှိပြီး နိုင်ငံပေါင်း ဒါဇင်နဲ့ချီပြီး အခုဆိုရင် အဲဒီဗိုင်းရပ်စ်ပိုးအသစ် တွေ့ရှိနေပြီဖြစ်ပါတယ်။

 

ဗြိတိန်နိုင်ငံကနေ ရုရှားကို ပြန်လာတဲ့ လူတစ်ဦးမှာ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးအသစ် တွေ့ရှိကြောင်း ရုရှား ကျန်းမာရေး စည်းမျဉ်းစည်းကမ်းအဖွဲ့ Rospotrebnadzor ခေါင်းဆောင် အန်နာပိုပိုဗာက နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ တနင်္ဂနွေနေ့က ပြောကြားပါတယ်။

 

ရုရှားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု အများဆုံး နိုင်ငံတွေထဲမှာ ပါရှိပြီး၊ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာ အရင်က ထုတ်ပြန်ထားတဲ့ ပမဏထက် လေးဆနီးပါးများကြောင်း ပြီးခဲ့တဲ့လက တာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။

 

MDN

ကိုးကား - AFP