၁၄ မေ 

ဗြိတိန် နဲ့ နယူးဇီလန်နိုင်ငံတွေမှာ ကလေးငယ်တွေရဲ့ အခွင့်အရေးညွှန်းကိန်းဟာ စစ်ဘေးဒဏ်ခံနေရတဲ့ ဆီရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံတွေထက် ကျဆင်းနေကြောင်း ဒတ်ချ်ကလေးငယ် အခွင့်ရေးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့ (Dutch NGO KidsRights) က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ 

နိုင်ငံရွှေ့ပြောင်းလာတဲ့ ကလေးငယ်တွေကို ခွဲခြားဆက်ဆံခြင်းနဲ့ ဆင်းရဲပြီး အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို ဥပဒေအရ အကာကွယ်ပေးမှု နည်းပါးခြင်းတွေက ဗြိတိန် နဲ့ နယူးဇီလန်နိုင်ငံမှာ ကလေးငယ်တွေရဲ့ အခွင့်အရေးဆိုင်ရာ ညွှန်းကိန်းတွေကို ကျဆင်းစေတာဖြစ်ပါတယ်။ ဒီအခြေနေဟာ ဗြိတိန်နဲ့ နယူးဇီလန်နိုင်ငံတွေကို အရှက်ရစေတယ်လို့ Dutch NGO KidsRights အဖွဲ့ တည်ထောင်သူ ဥက္ကဋ္ဌ မက်ဒူလက် က ပြောပါတယ်။

 

mdn

 

နိုင်ငံပေါင်း ၁၈၁ နိုင်ငံကို လေ့လာရာ ဗြိတိန်နိုင်ငံ (အဆင့် ၁၇၀ )၊ နယူးဇီလန် (အဆင့် ၁၆၉ ) မှာ ရှိနေတာကို တွေ့ရပါတယ်။ ဗြိတိန်နိုင်ငံ ကလေးငယ်တွေဟာ အာဖဂန် ဒါမှမဟုတ် ဆီးရီးယားနိုင်ငံတွေက ကလေးငယ်တွေထက် နေထိုင်ရေးမှာ သာလွန်ကောင်းမွန် ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့အဆင့်အတန်းကို ပြောတာပါလို့ ဒူလက် ကပြောပါတယ်။

စီးပွားရေးတိုးတက်လာတဲ့ နိုင်ငံတွေဖြစ်တဲ့ တရုတ် (အဆင့် ၁၀၃) ၊ အိန္ဒိယ (အဆင့် ၁၁၇) နဲ့ မြန်မာ (အဆင့် ၁၃၃) ရှိနေရာ အဆိုပါ နိုင်ငံတွေရှိ ကလေးငယ်တွေရဲ့ အခွင့်အရေးက ကျဆင်းနေရာကနေ ကောင်းမွန်လာတဲ့အခြေအနေကို ပြောင်းလာတယ်လို့ KidsRights အဖွဲ့ က ဆက်ပြောပါတယ်။

 

mdn

 

ကလေးငယ် အခွင့်အရေးဆိုင်ရာ ညွှန်းကိန်းမှာ ထိပ်ဆုံးက နိုင်ငံကတော့ အိုက်စလန်ဖြစ်ပြီး ပေါ်တူဂီ၊ ဆွစ်ဇာလန်၊ ဖင်လန် နဲ့ ဂျာမနီနိုင်ငံတွေက နောက်က လိုက်နေကြပါတယ်။  နောက်ဆုံးအဆင့်ရှိတဲ့နိုင်ငံက အာဖဂန်နစ္စတန် ဖြစ်ပြီး ဆီယာလီယွန်၊ ချတ်၊ အက်ကွေတိုရီရယ် ဂီနီ နဲ့ အလယ်ပိုင်းအာဖရိနိုင်ငံများက ရှေ့ဆင့် နောက်ဆင့်လိုက်နေတာကို တွေ့ရပါတယ်။ 

ထိုင်း နဲ့ တူနီးရှားနိုင်ငံတွေဟာ အံ့အားသင့်စရာကောင်းအောင် ကလေးအခွင့်ရေး တိုးတက်လာတာကို တွေ့ရပါတယ်။ ထိုင်း (အဆင့် ၁၄) နဲ့ တူနီးရှား (အဆင့်၁၅) တက်လာတာက သူတို့မှာရှိတဲ့ အရင်းအမြစ်တွေကို နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် လုပ်ဆောင်တာကို တွေ့ရပါတယ်လို့ Dutch NGO KidsRights ရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

MDN
ကိုးကား - AFP