၁၀ ဇွန်
၂၈-၃-၂၀၁၉ ရက်နေ့က အမျိုးသားပညာရေး မူဝါဒကော်မရှင်သို့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှ နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်သော အဝေးသင်တက္ကသိုလ်(The Open University)မှ ပါမောက္ခများ၊ ပညာရှင်များ လာရောက်ခဲ့ကြပြီး သူတို့တက္ကသိုလ်၏ အောင်မြင်နေသော အဝေးသင်ပညာရေးကို ရှင်းလင်းပြသဆွေးနွေးသွားကြပါသည်။ ၂၀၁၉ ခုနှစ်၌ ဥရောပနိုင်ငံများတွင် အကြီးဆုံးဖြစ်သော သူတို့တက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၇၃၉၂၇ ဦး ပညာသင်ကြားလျက်ရှိနေပါသည်။ ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူ လေးဦးလျှင် သုံးဦးမှာ အလုပ်လုပ်ရင်း ပညာသင်ကြားနေကြခြင်း ဖြစ်ပါသည်။
ဘာသာရပ်ပေါင်းစုံ စုစုပေါင်း ၁၃၀ ခန့်ဘွဲ့၊ ဒီဂရီ ပေးအပ်လျက်ရှိပါသည်။ ကျောင်းသား ကျောင်းသူများအနေဖြင့် ရက်သတ္တပတ်လျှင် ၈ နာရီမှ ၁၆ နာရီခန့် အားချိန်လေး၌ အိမ်မှာ နေရင်း၊ ခရီးသွားလာရင်း ပညာသင်ကြားရမည် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အားလပ်ချိန်များကို အကျိုးရှိရှိ အသုံးချနေခြင်း ဖြစ်ပါသည်။
ကမ္ဘာတစ်ဝန်းလုံး နှစ်စဉ်ဤပညာရေးစနစ် ကို သင်ကြားနေသူ၊ လေ့လာနေသူ၊ စိတ်ဝင်စား သူ စုစုပေါင်းလူဦးရေ ၇ ဒသမ ၈ သန်းခန့် ရှိပါ သည်။
ဥပမာ ဘီဘီစီ အစီအစဉ်တွင် တစ်နှစ်လျှင် လူဦးရေ သန်း၂၅၀ခန့်၊ YouTube တွင် တစ်နှစ် သုံးသန်းခန့်နှင့် လူမှုမီဒီယာဖြစ်သော Facebook တွင် တစ်နှစ်လျှင်၂ ဒသမ ၅ သန်း ခန့် အဝေးသင်ပညာရေး (Distance Education) ကို လေ့လာလျက် ရှိနေကြပါသည်။
The Open Universityက သင်ကြားပေးနေသော ဘာသာရပ်များစွာထဲမှ အဝေးသင်ပညာရေးအနေဖြင့် အကျိုးရှိနိုင် သော ဘာသာရပ်များမှာ –
၁။ အင်္ဂလိပ်စာဘာသာရပ်တွင် (Courses to improve English)
(က)နေ့စဉ်သုံး အင်္ဂလိပ်စာ (Everydays English)
(ခ)အင်္ဂလိပ်စာကျွမ်းကျင်မှု (English Skills for Learning)
(ဂ)အရေးအသားကောင်း စနစ်များ (What is good writing)
(ဃ)ပညာရပ်ဆိုင်ရာ အင်္ဂလိပ်စာ (English for Academic Pur-poses)
စသဖြင့် အင်္ဂလိပ်စာနှင့် ပတ်သက်၍ ဘာသာခွဲမျိုးစုံ လေ့လာသင်ကြားနိုင်ပါသည်။
၂။လေ့လာသင်ယူနည်းကျွမ်းကျင်မှု ဘာသာရပ်များ(Course to improve Learning Skills)
ဥပမာ- (က) Am I ready to be a distance learner? (အဝေးသင်ကျောင်းသားဖြစ်ပြီ လား)
(ခ) Get started with online learning. (အင်တာနက်သုံးပြီး လေ့လာ နည်း)
(ဂ) Developing good acade- mic practice. (ပညာရပ်ဆိုင်ရာ အလေ့အကျင့် ကောင်းများ)
၃။ Courses to improve Digital Skills (ဒစ်ဂျစ်တယ်စနစ်ဆိုင်ရာ ကျွမ်းကျင်မှု ဘာသာရပ်များ)
ဥပမာ-(က) The digital scholar (ဒစ်ဂျစ်တယ် ကျောင်းသား ကျောင်းသူများ)
(ခ) Digital literacy: succee- ding in a digital world (ဒစ်ဂျစ်တယ် ကမ္ဘာအတွင်း အောင်မြင်နည်း)
(ဂ) Introduction to cyber security (ကမ္ဘာ့လုံခြုံရေးစနစ် မိတ်ဆက်ခြင်း)
The Open University တွင် သင်ကြားနိုင်သော ဘာသာရပ်များမှာ –
၁။ Arts and Humanities (ဝိဇ္ဇာနှင့် လူမှုဘဝဘာသာရပ်များ)
၂။ Building and Planning (အဆောက်အအုံဆိုင်ရာ ဘာသာရပ်များ)
၃။ Building and Management (စီးပွားရေး လုပ်ငန်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ ဘာသာရပ်များ)
၄။ Computing and IT (ကွန်ပျူတာနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဘာသာရပ်များ)
၅။ Design (ဒီဇိုင်းပညာ)
၆။ Education ၊ Childhood & Youth (ပညာရေး၊ လူငယ်နှင့် ကလေးများဆိုင်ရာ လေ့လာရေးဘာသာရပ်များ)
၇။ Engineering (အင်ဂျင်နီယာဘာသာရပ်များ)
၈။ Environment & Development (ပတ်ဝန်းကျင်ဆိုင်ရာနှင့် တိုးတက်ရေး ဘာသာရပ်များ)
၉။ Health & Social Care (ကျန်းမာရေးနှင့် ပြုစုစောင့်ရှောက်ရေး)
၁၀။ Languages (ဘာသာဗေဒဆိုင်ရာ ပညာ ရပ်များ) ဥပမာ-အင်္ဂလိပ်စာ
၁၁။ Law (ဥပဒေ)
၁၂။ Mathematics & Statistics (သင်္ချာနှင့် စာရင်းအင်းပညာဘာသာရပ်များ)
၁၃။ Medical Sciences (ဆေးသိပ္ပံပညာရပ်များ)
၁၄။ Nursing & Health Care (သူနာပြုနှင့် ကျန်းမာရေးဆိုင်ရာ ဘာသာရပ်များ)
၁၅။ Psychology & Consulting (စိတ်ပညာနှင့် ဆွေးနွေးလမ်းညွှန်မှု
ဆိုင်ရာ ဘာသာရပ်များ)
၁၆။ Science (သိပ္ပံ)
၁၇။ Social Science (လူမှုရေးသိပ္ပံ)
၁၈။ Technology (နည်းပညာများ)
စသည်ဖြင့် ဘာသာရပ်ပေါင်းစုံ လေ့လာနိုင်ရာ မြန်မာနိုင်ငံတွင် အလုပ်လုပ်နေသူများအတွက် အသုံးဝင်လာနိုင်ပါသည်။ ဥပမာ - နေ့စဉ်သုံး အင်္ဂလိပ်စာ (Everyday English)၊ အင်္ဂလိပ်စာ ကျွမ်းကျင်မှုများ (English Proficiency Skills) စသည်တို့ကို ဘွဲ့၊ ဒီဂရီသင်တန်း၊ ဒီပလိုမာ၊ လက်မှတ်ရသင်တန်းများ The Open University နှင့် အဝေးသင်တက္ကသိုလ်များ တွဲဖက်သင်ကြားလာနိုင်ပါက အလုပ်လုပ်နေရင်းဖြင့် အင်္ဂလိပ်စာလေ့လာနိုင်ပါသည်။
ပညာရေးဝန်ကြီးဌာနရှိ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ် တို့နှင့် ဗြိတိန်နိုင်ငံ၏ တက္ကသိုလ်များဖြစ်သည့် The Open University ၊ အောက်စဖို့ဒ်တက္ကသိုလ်၊ မန်ချက်စတာ တက္ကသိုလ်၊ ဗြိတိသျှကောင်စီ၊ Irrawaddy Policy Exchange အဖွဲ့ အစည်းများ စုပေါင်း၍ အဝေးသင်ပညာရေးကို ဆန်းသစ်တီထွင်မှုများစွာဖြင့် ပြောင်းလဲပေးခြင်း စီမံကိန်း ( Transformation by Innovation in Distance Education – TIDE Project) ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှ စတင် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။
ဤစီမံကိန်းသည် အဝေးသင်တက္ကသိုလ်သို့ တက်ရောက် သင်ကြားလျက်ရှိနေသော ကျောင်းသား ကျောင်းသူပေါင်း ငါးသိန်းကျော် အထိ အကျိုးသက်ရောက်မည် ဖြစ်ပါသည်။
စီမံကိန်းအရ သင်ကြားပေးသော ဆရာ ဆရာမများ၏ အရည်အသွေးကို မြှင့်တင်ပေးခြင်း၊ တက္ကသိုလ်အလိုက်စနစ်သစ်ကို တီထွင်ကြံဆပေးပြီး ပြောင်းလဲပေးခြင်း၊ သတင်း အချက်အလက်နည်းပညာ (ICT) အကူအညီယူ၍ ထိထိရောက်ရောက် သင်ကြားပေးသော နည်းစနစ်များ ဖြစ်ပါသည်။ ဗြိတိန်နိုင်ငံမှ သင်တန်းဆရာများက မြန်မာနိုင်ငံအဝေးသင် ဘာသာရပ်များ သင်ကြားပေးနေသော တက္ကသိုလ် ၃၀ မှ ဆရာ ဆရာမပေါင်း ၃၀ဝ ကျော်အထိ သင်တန်းပေးနေသည်မှာ သုံးကြိမ်မြောက် ရှိသွားပါပြီ။ လေ့ကျင့်သင်ကြား ပေးနေသော သင်တန်းများမှာ ဘာသာရပ် ဆိုင်ရာသင်တန်း Academics)၊ ကျွမ်းကျင် စေရန် သင်ကြားနည်းစနစ်များ (Experts in Teaching) ၊ သင်ကြားနည်းပညာ (Pedagogy)၊ စာကြည့်တိုက်နှင့် ကွန်ပျူတာများ အကျိုးရှိစွာ အသုံးပြုနည်းသင်တန်း (Effec-tive use of ICTs/Library to support Distance Education) စသည်တို့ ဖြစ်ပါသည်။ တယ်လီဖုန်း၊ ကွန်ပျူတာ၊ အင်တာနက် ကို အခြေခံ၍ သင်ခန်းစာ၊ အိမ်စာများကို အိမ်၌ပင် ပြုလုပ်နိုင်ပါမည်။
သို့ဖြစ်၍ နိုင်ငံ့ဝန်ထမ်းများ၊ အခြားအလုပ်လုပ်ကိုင်နေသူများ လုပ်ငန်းခွင်မပျက် နိုင်ငံတကာ အဝေးသင်တက္ကသိုလ် သင်ကြားနည်းများနည်းတူ သင်တန်းတက်ရောက်၍ နိုင်ငံတော် ဖွံ့ဖြိုးရေးအတွက် စွမ်းဆောင်လာ နိုင်မည်မှာ မလွဲဧကန်ဖြစ်ပါမည်။ ။
ဒေါက်တာမျိုးကြွယ်(NEPC)