၁၁ မေ
ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် မပျံ့ပွားရေးအတွက် အသွားအလာ ပိတ်ဆို့မှုကို အနည်းဆုံး ဇွန် ၁ ရက်နေ့အထိ ဆက်လက်ထားရှိမယ်လို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။
ဒီသီတင်းပတ်အတွင်းမှာ အသွားအလာ ပိတ်ဆို့မှုကို အဆုံးသတ်ဖို့ဆိုတာ လွယ်လွယ်လေးနဲ့ မဖြစ်နိုင်ကြောင်း၊ တချို့မူလတန်းကျောင်းတွေနဲ့ ဆိုင်တွေကို ဇွန် ၁ ရက်နေ့မှာ ပြန်ဖွင့်နိုင်ကြောင်း ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဗြိတိန်အစိုးရဟာ အသွားအလာ ပိတ်ဆို့မှုဖျက်သိမ်းရေး အစီအစဉ်ကို ဘယ်လိုမျိုး လုပ်ဆောင်မလဲဆိုတာကို ဖွင့်ပြောဖို့ ဖိအားပေးခြင်းခံနေရပါတယ်။
အသွားအလာပိတ်ဆို့မှု ဖျက်သိမ်းရေးအစီအစဉ်ရဲ့ အသေးစိတ်ကို ဒီကနေ့ပါလီမန်မှာ အကြမ်းအဖျင်း ချပြမယ်လို့ သိရပါတယ်။
ဗြိတိန်နိုင်ငံဟာ ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး ဉရောပမှာတော့ အများဆုံး နိုင်ငံဖြစ်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၃၂,၀၀၀ ဦးရှိကြောင်း သိရပါတယ်။
MDN
ကိုးကား- AFP