၂ ဒီဇင်ဘာ
ဗြိတိန်နိုင်ငံက Debenhams ကုန်တိုက်နဲ့ အဝတ်အထည်တွေ ရောင်းချတဲ့ Arcadia တို့ဟာ ဈေးကွက် ပြိုလဲလာတဲ့အတွက် လုပ်သား ၂၅,၀၀၀ ရဲ့ရှေ့ရေး စိုးရိမ်စရာဖြစ်လာကြောင်း သိရပါတယ်။ Debenhams နဲ့ Arcadia တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှုရဲ့ အကျိုးဆက်အနေနဲ့ ပြိုလဲမှုဖြစ်လာတာလို့ ဆိုရမှာ ဖြစ်ပါတယ်။
Debenhams နာမည်နဲ့ ကုန်တိုက်တွေဟာ ဆက်လက်လည်ပတ်ရန် မဖြစ်နိုင်တော့အတွက် ပိတ်ပစ်ရန် ဆုံးဖြတ်ခဲ့ရာ လုပ်သားပေါင်း ၁၂,၀၀၀ ဟာ အလုပ်အကိုင် ဆုံးရှုံးမယ့် အခြေအနေဖြစ်လာပါတယ်။
ဗြိတိန်နိုင်ငံက အဝတ်အထည်တွေ အဓိကရောင်းချတဲ့ Arcadia ရဲ့ ကိုယ်ပိုင်တံဆိပ်တွေဖြစ်တဲ့ Topshop၊ Evans နဲ့ Wallis တံဆိပ်ပါ အဝတ်အထည်တွေကို Debenhams ကုန်တိုက်မှာလည်း ရောင်းချတဲ့အတွက် တစ်နွယ်ငင် တစ်စင်ပါဆိုသလို နှစ်ခုလုံးပြိုလဲလာတာဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
Arcadia က ဈေးကွက်ကနေ ပြိုလဲကြောင်း တနင်္လာနေ့က ကြေညာပြီးနောက် လုပ်သား ၁၃,၀၀၀ ဟာ အလုပ်လက်မဲ့ဖြစ်လာကြောင်း သိရပါတယ်။
Debenhams ကုန်တိုက်ဟာ ၁၈ ရာစုနှောင်းမှာ ပေါ်ပေါက်လာခဲ့ပြီး နှစ်ပေါင်း ၂၄၂ နှစ်သက်တမ်းရှိပြီဖြစ်တဲ့ နိုင်ငံ့ရဲ့ သမိုင်းဝင် ကုန်တိုက်ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံတွင်းမှာ Debenhams ကုန်တိုက်ပေါင်း ၁၂၄ ခုရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP