၁၇ ဇန်နဝါရီ

 

ဗြိတိန်နိုင်ငံကို လာရောက်တဲ့ ခရီးသွားတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကင်းစင်ကြောင်း ထောက်ခံစာနဲ့အတူ အသွားအလာကန့်သတ်မှုအောက်မှာ ၁၀ ရက် နေထိုင်ရမှာ ဖြစ်ကြောင်း၊ အဲဒီအမိန့်ဟာ ဇန်နဝါရီ ၁၈ (တနင်္လာနေ့) ကစပြီး အသက်ဝင်မှာဖြစ်ကြောင်း ဝန်ကြီးချုပ် ဂျွန်ဆင်က သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

 

ဘရာဇီးနိုင်ငံမှာ တွေ့ရှိတဲ့ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးအသစ်ဟာ ဗြိတိန်နိုင်ငံကို ရောက်ရှိလာမှာ စိုးရိမ်တဲ့အတွက် ပြီးခဲ့သောကြာ (ဇန်နဝါရီ ၁၅) ကစပြီး တောင်အမေရိကနိုင်ငံတွေနဲ့ ပေါ်တူဂီနိုင်ငံကနေ လာရောက်မယ့် သူတွေကို တားမြစ်လိုက်ပါတယ်။ အဲဒီတားမြစ်ချက် ထုတ်ပြန်ပြီးနောက် ဗြိတိန်နိုင်ငံကို လာရောက်သူတိုင်း အသွားအလာစောင့်ကြည့်မှုအောက်မှာ နေထိုင်ရမယ့်အမိန့်ပါ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

 

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဗြိတိန်နိုင်ငံကို မလာခင် ၇၂ နာရီအတွင်း ရောဂါပိုးကင်းစင်ကြောင်း ထောက်ခံချက် ပါဝင်မှာဖြစ်ပြီး နိုင်ငံကို ရောက်ရှိလာပြီးနောက် ၁၀ ရက်တိတိ မည်သည့်အကြောင်းပြနဲ့မဆို အိမ်အပြင်မထွက်ရန် ညွှန်ကြားလိုက်ပါတယ်။ ဒါပေမယ့် ခရီးသွားတွေအနေနဲ့ နိုင်ငံကနေ ပြန်ထွက်နိုင်ရန် ၅ ရက် အသွားအလာ ကန့်သတ်မှုအောက်နေထိုင်ပြီး ရောဂါပိုးစစ်ဆေးမှု ထပ်မံခံယူပြီးနောက် ထွက်သွားနိုင်ကြောင်း ထည့်သွင်းပြောကြားပါတယ်။

 

ဗြိတိန်နိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်နှုန်း နည်းပါးတဲ့ နိုင်ငံတွေကနေ လာသူတွေအတွက် ရောဂါပိုးစစ်ဆေးမှုနဲ့ အသွားအလာကန့်သတ်မှု မလိုကြောင်း အရင်ကထုတ်ပြန်ထားပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ ဩစတြေးလျ၊ နယူးဇီလန်၊ ထိုင်းနဲ့ စင်ကာပူနိုင်ငံတွေအပြင် မာမူဒါနဲ့ ဂျီဘရော်ဒါ ဒေသမှ လာရောက်သူတွေ ပါဝင်တာကို တွေ့ရပါတယ်။

 

ဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိပြီး ၂၈ ရက်အတွင်းမှာ သေဆုံးသူဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ သုံးပုံတစ်ပုံနီးပါး တိုးလာတဲ့အတွက် ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၈၈,၅၉၀ ဦး ရှိသွားကြောင်း နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဒါ့အပြင် ဝန်ကြီးချုပ်က နိုင်ငံသားတွေအား နိုင်ငံတစ်ဝန်းက ချမှတ်ထားတဲ့ တစ်နိုင်ငံလုံး အသွားအလာကန့်သတ်ရေး စည်းမျဉ်းစည်းကမ်းကို လိုက်နာကြရန် တိုက်တွန်းထားပါတယ်။

 

MDN

ကိုးကား - AFP

 

mdn