၂၈ ဩဂုတ်

 

 

ဗြိတိန်နိုင်ငံကို ရောက်ရှိလာမယ့် ချက်၊ ဆွစ်ဇာလန်နဲ့ ဂျာမေကာ နိုင်ငံသားတွေကို သီးသန့်ခွဲခြား စောင့်ကြည့်မှုအောက်မှာ ထားရှိမယ်လို့ ကြာသပတေးနေ့က ထုတ်ပြန်လိုက်ပါတယ်။ ဒါပေမယ့် ကျူးဘား နိုင်ငံကနေ လာရောက်မယ့် သူတွေကိုတော့ သီးသန့်ခွဲခြားမှုအောက်တွင် ထားရှိတော့မှာ မဟုတ်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

 

 

အခုထုတ်ပြန်လိုက်တဲ့ နိုင်ငံသုံးနိုင်ငံမှ နိုင်ငံသားတွေဟာ ဗြိတိန်နိုင်ငံကို စနေနေ့ နံနက် ၃ နာရီ မှစပြီး ရောက်ရှိခဲ့မယ်ဆိုရင်  ၁၄ ရက်တိတိ သီးသန့်စောင့်ကြည့်မှုအောက်မှာ နေထိုင်ရမယ်လို့ သိရပါတယ်။

 

 

ဗြိတိန်နိုင်ငံတွင် ကြာသပတေးနေ့မှာ ၂၄ နာရီအတွင်း ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁,၅၀၀ ကျော်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ အခုထုတ်ပြန်တဲ့ ပမာဏဟာ ဇွန်လလယ်ကစပြီး အများဆုံး ဖြစ်ပေမယ့် သေဆုံးနှုန်းကတော့ ကျဆင်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

 

 

ဉရောပနိုင်ငံတွေက အစိုးရတွေဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု ဒုတိယလှိုင်းကို စိုးရိမ်တဲ့အတွက် သူတို့နိုင်ငံတွေကို လာရောက်သူတွေရဲ့ သီးသန့်စောင့်ကြည့်မှု စာရင်းကို အပြောင်းအလဲတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

 

 

ဗြိတိန်နိုင်ငံ လာရောက်မယ့် ခရိုအေးရှား၊ ဩစတြီးယား၊ ထရီနီဒတ်၊ တိုဘာဂို နိုင်ငံတွေက နိုင်ငံသားတွေကို သီးခြားစောင့်ကြည့်မှု စာရင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ထည့်ခဲ့ပါတယ်။ အဲဒီအရင်က ပြင်သစ်၊ နယ်သာလန်နဲ့ တခြားနိုင်ငံ အချို့က နိုင်ငံသားတွေကို  သီးသန့် ခွဲခြားစောင့်ကြည့်မှုအောက်မှာ နေထိုင်ရမှာလို့ စည်းမျဉ်း ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ ဇူလိုင်လကုန်ပိုင်းက စပြီး စပိန်နိုင်ငံသားတွေကို သီးသန့် စောင့်ကြည့်စရင်းမှာ ပြန်လည် ထည့်သွင်းလိုက်ကြောင်း သိရပါတယ်။

 

 

ဗြိတိန်နိုင်ငံမှာ ကိုရိုနာ ကပ်ရောဂါပိုးကြောင့် သေဆုံးသူ ၄၁,၄၇၇ ဦး ရှိတဲ့အတွက် ဉရောပမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

 

 

MDN

ကိုးကား- AFP

mdn