၂၄ ဒီဇင်ဘာ

 

 

 

ဗြိတိန်နိုင်ငံမှ တောင်အာဖရိကနိုင်ငံသို့ သွားရောက်ခဲ့သည့် ပုဂ္ဂိုလ်အချို့နှင့် ထိတွေ့ခဲ့သူများတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

 

 

တောင်အာဖရိကနိုင်ငံသို့ ခရီးသွားရာမှ ပြန်လာသူများနှင့် အဆက်အသွယ်ရှိခဲ့သူ ခုနှစ်ဉီးတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အမျိုးအစား တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဖြစ်သူ မက်ခ်ဟန်းကော့ခ်က သတင်းထောက်များသို့ ယမန်နေ့က ပြောကြားခဲ့သည်။

 

 

ဗြိတိန်နိုင်ငံတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်က လက်ရှိ ဖြစ်ပေါ်နေသည့် ဗိုင်းရပ်စ်ထက် ပိုမိုကူးစက်မြန်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

လာမည့် စနေနေ့မှစတင်ပြီး အစိုးရမှ ပြည်သူများအား ပိုမိုတင်းကျပ်သည့် ကန့်သတ်ချက်များ ချမှရန် စီစဉ်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

ကျန်းမာရေး စောင့်ရှောက်မှု စနစ်များမှာ ပြိုလဲသွားနိုင်ကြောင်း ၎င်းက သတိပေးပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

mdn