၁၀ နိုဝင်ဘာ
ဗြိတိန်နိုင်ငံမှာ သုံးလအတွင်း အလုပ်လက်မဲ့ ဦးရေ ၄ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးလာကြောင်း၊ စက်တင်ဘာလမတိုင်ခင်က အလုပ်လက်မဲ့ဦးရေ ဟာ ၄ ဒသမ ၅ ရာခိုင်နှုန်းသာရှိကြောင်း ဒီနေ့ (အင်္ဂါနေ့) ထုတ်ပြန်ချက်အရ သိရပါတယ်။
အလုပ်မှရပ်ဆိုင်းခံရသူ ဦးရေဟာလည်း မြင့်လာကြောင်း၊ မတ်လကစပြီး လက်ရှိအချိန်အထိ အလုပ်လက်မဲ့ ဦးရေဟာ ၇၈၂,၀၀၀ ရှိကြောင်း၊ တတိယ သုံးလပတ် (ဇူလိုင် - စက်တင်ဘာ) အတွင်းမှာ အလုပ်လက်မဲ့ ဦးရေ ၃၁၄,၀၀၀ ဖြစ်လာကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဲဒိအရေအတွက်ဟာ ၂၀၀၉ ခုနှစ် ကမ္ဘာ့စီးပွားပျက်ကပ်က အလုပ်လက်မဲ့ဦးရေထက် ပိုများကြောင်း သိရပါတယ်။
ဘဏ္ဍာရေးဝန်ကြီး ရာရှီဆန်းနက် က အလုပ်ဆုံးရှုံးသွားသူတွေအတွက် ခက်ခဲတဲ့အချိန်တွေဆိုတာ နားလည်ကြောင်း၊ အဲဒီလူတွေအတွက် လာမယ့်ဆောင်းရာသီအတွင်းမှာ ထောက်ပံ့မှုတွေကို လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ဗြိတိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁,၂၁၃,၃၆၃ ဦးအနက် သေဆုံးသူ ၄၉,၂၃၈ ဦးရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP