၁၁ စက်တင်ဘာ


ဗြိတိန်နိုင်ငံမှာ လာရောက်ပညာသင်ကြားနေတဲ့ နိုင်ငံခြားသားကျောင်းသားများ ဘွဲ့ရပြီးရင် ဗြိတိန်နိုင်ငံမှာ အလုပ်ရှာနိုင်ရေးအတွက် နှစ်နှစ်ဗီဇာ ပေးဖို့ရှိကြောင်း သိရပါတယ်။ 


၂၀၁၂ ခုနှစ်က ထရီဇာမေ ပြည်ထဲရေးဝန်ကြီး ဖြစ်စဉ်က နိုင်ငံခြားသားကျောင်းသားများအား ဘွဲ့ရပြီး လေးလအတွင်း အလုပ်မရခဲ့ရင် နိုင်ငံကနေ ထွက်ခွာရမယ်ဆိုတဲ့ ဥပဒေပြဌာန်းခဲ့ပါတယ်။ 


အခုပြောင်းလဲလိုက်တဲ့ ဥပဒေဟာ ပြီးတဲ့ခဲ့နှစ်က ဗြိတိန်နိုင်ငံကို လာရောက်ပညာသင်ကြားနေတဲ့ နိုင်ငံတကာက ကျောင်းသား လေးသိန်းငါးသောင်းနီးပါးကိုပါ အကျုံးဝင်မှာဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားတွေဟာ နိုင်ငံကူးစစ်ဆေးခံနိုင်တဲ့ ကျောင်းတွေမှာ ပညာသင်ကြားတော့ လိုအပ်ပါတယ်။


ကျောင်းသားဗီဇာကိစ္စနဲ့ပတ်သတ်ပြီး ဗြိတိန်တက္ကသိုလ်များရဲ့ အုပ်ချုပ်ရေးမှူးအကြီးအကဲက ကြိုဆိုခဲ့ပြီး ဗီဇာအပြောင်းအလဲကြောင့် ကျောင်းသူကျောင်းသားတွေဟ ဗြိတိန်နိုင်ငံကို ပထမဦးစားပေးအနေနဲ့ ရွေးချယ်လာနိုင်တဲ့အတွက် ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးကို အကျိုးအမြတ်ရှိလာတယ်လို့ ပြောပါတယ်။ 


ဒါပေမယ့် နိုင်ငံရွှေ့ပြောင်းသူများ စောင့်ကြည့်သူများအဖွဲ့ကတော့ ဗီဇာဆုံးဖြတ်ချက်ဟာ ဉာဏ်နည်းတဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး နိုင်ငံခြားသားဘွဲ့ရတွေ ဗြိတိန်မှာ စုပုံနေဖို့ ရှိလာတယ်။ ဗြိတိန်တက္ကသိုလ်တွေက နိုင်ငံခြားသားကျောင်းသားတွေကြားမှာ ပညာရေးကောင်းမွန်မှု မှတ်တမ်းတွေနဲ့ စွဲဆောင်မှုရှိပြီးဖြစ်တယ်။ အခုလိုမျိုး ဒီနိုင်ငံမှာ အလုပ်လုပ်ဖို့ရနိုင်တယ်ဆိုပြီး ကျောင်းသား ဗီဇာနဲ့ တန်းဖိုးချ စရာမလိုဘူးလို့ ဝေဖန်ပြောကြားပါတယ်။ 


MDN