လန်ဒန် ဒီဇင်ဘာ ၁၃

 

ဗြိတိန်နိုင်ငံတွင် အိုမီခရွန် ကူးစက်ခံရသူ ၆၃၃ ဦး တွေ့ရှိခဲ့ပြီး တိုင်းပြည်အတွင်း ကိုဗစ် -၁၉ မျိုးကွဲ အိုမီခရွန် စတင်တွေ့ရှိသည့် အချိန်မှစတင်ကာ အများဆုံး နေ့စဉ်ကူးစက်မှုလည်းဖြစ်သည်။

 

နောက်ဆုံး ရရှိထားသည့် အချက်အလက်များအရ ကျန်းမာရေးအရ အရေးယူဆောင်ရွက်မှုများ မပြုလုပ်လျှင် ဧပြီလကုန်တွင် အင်္ဂလန်၌ အိုမီခရွန်ကူးစက်မှုကြောင့် သေဆုံးသူဦးရေမှာ ၂၅၀၀၀ မှ ၇၅၀၀၀ အထိ ရှိလာနိုင်ကြောင်း ဗြိတိန်ကျန်းမာရေး အာဏာပိုင်များက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောသည်။

 

ဗြိတိန်နိုင်ငံတွင် အိုမီခရွန် ကူးစက်မှုမှာ လျင်မြန်စွာများပြားလာပြီး ဒီဇင်ဘာလလယ်ပိုင်းသို့ ရောက်လျှင် ကိုဗစ် - ၁၉ကူးစက်မှု၏ ၅၀ ရာခိုင်နှုန်းမှာ အိုမီခရွန်ကူးစက်မှု ဖြစ်လာမည်ဟုလည်း ဗြိတိန် ကျန်းမာရေးလုံခြုံရေးအေဂျင်စီက ပြောကြားခဲ့သည်။

 

လက်ရှိ အခြေအနေအတိုင်းသာ မပြောင်းလဲဘဲ ရှိနေပါက ယခုလကုန်ပိုင်းတွင် ဗြိတိန်နိုင်ငံ၌ အိုမီခရွန် ကူးစက်ခံရသူပေါင်း တစ်သန်းကျော်အထိ ရှိလာလိမ့် မည်ဟုလည်း ခန့်မှန်းထားကြသည်။

 

ဆင်ဟွာ