၂၂ ဒီဇင်ဘာ

 

 

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်တစ်ခု ပြန့်ပွားနေမှုကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေပြီး ဗြိတိန်နိုင်ငံတွင် လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်းခြင်းနှင့် ဗြိတိန်နိုင်ငံသို့ အခြား ခရီးသည်တင် လေယာဉ်များ ဝင်ရောက်ခြင်းကို ပိတ်ပင်ထားလျက်ရှိသည်။

 

 

ပြင်သစ်နိုင်ငံသည် တနင်္လာနေ့မှစတင်ပြီး ဒိုဗာရေလက်ကြားမှတစ်ဆင့် ဗြိတိန်နိုင်ငံမှ ဝင်ရောက်ခြင်းကို ပိတ်ပင်တားမြစ်ထားသည်။

 

 

ဒိုဗာဆိပ်ကမ်းတွင်လည်း ပြင်သစ်နယ်စပ်ကို ပိတ်ပင်ထားသည်ဟူသည့် စာတမ်းကို ဖော်ပြထားသည်။

 

 

အဆိုပါ နေရာတွင် ကုန်တင်ကားများနှင့် အခြားယာဉ်များလည်း သောင်တင်နေလျက်ရှိသည်။

 

 

ယာဉ်ကြောများပိတ်ဆို့မှုကြောင့် နေ့စဉ်လိုအပ်လျက်ရှိသည့် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်သွားမည်ကို စိုးရိမ်နေကြသည်။

 

 

ထောက်ပံ့ရေး ပစ္စည်းများနှင့် ပတ်သက်ပြီး ပြဿနာမရှိကြောင်း ပြည်သူများ စိတ်အေးအေး နေထိုင်ကြရန် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ယမန်နေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

 

ကိုရိုနာ ဗိုင်းရပ်စ်မျိုးကွဲသစ် ပြဿနာကို မကြာမီ ဖြေရှင်းနိုင်မည်ဖြစ်ပြီး ပြည်သူများ အနေဖြင့် တည်ငြိမ်စွာ နေထိုင်ကြရန် ဂျွန်ဆင်က ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်