ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ရန်စီစဉ်

ဇန်နဝါရီ  ၂၀ 

 

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ရောဂါထပ်မံကူးစက်မှုများလျော့ကျလာပြီးနောက် ကိုဗစ်ကူးစက် ဖြစ်ပွားမှုကို ကိုင်တွယ်ရန် ကန့်သတ်ချက်များဖြေလျှော့ရန်စီစဉ်ထားကြောင်း ကြေညာခဲ့သည်။

 

ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားနှင့်အတူ နေထိုင်သွားရေးအတွက် ရေရှည်မဟာဗျူဟာချမှတ်မည်ဟုလည်း ၎င်းက ကတိပြုခဲ့သည်။

 

နိုင်ငံတစ်ဝန်းတွင် ဇန်နဝါရီအစောပိုင်းက အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ထပ်မံကူးစက်ခံရသူဦးရေ ၂၀၀၀၀၀ ကျော်ရှိခဲ့သည်။ ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ထိုရောဂါထပ်မံကူးစက်ဖြစ်ပွားမှုသည် ထက်ဝက် လျော့ကျခဲ့သည်။

 

နိုင်ငံအတွင်းရှိ အလုံပိတ်အခန်းများတွင် ဇန်နဝါရီ၂၇ ရက်မှစတင်ကာ ပါးစပ်၊ နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရန် မလိုအပ်တော့ချေ။

 

လူစုလူဝေးပွဲကြီးများကျင်းပရာနေရာများသို့ဝင်ရောက်ရန် ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးကြောင်း လက်မှတ်ပြသရန်လည်း လိုအပ်တော့မည်မဟုတ်ဟု သိရသည်။

 

မတ်လနှောင်းပိုင်း သက်တမ်းကုန်ဆုံးမည့် သီးသန့်ခွဲနေထိုင်မှုစည်းမျဉ်းများကို သက်တမ်းထပ်မံတိုးမြှင့်မည်မဟုတ်ဟူသော ၎င်း၏ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားသည်။ 

 

ဗြိတိန်နိုင်ငံတွင် အသက် ၁၂ နှစ်နှင့်အထက်အရွယ်ရှိသူများ ကိုဗစ်ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၆၃ ရာခိုင်နှုန်းခန့်ရှိသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို