လန်ဒန် နိုဝင်ဘာ ၂၅

 

ဗြိတိန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၂၄၈၄ ဦးရှိခြင်းကြောင့် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု စံချိန်တင်ခဲ့ပြီး နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉၉၃၂၄၀၈ ဦးရှိလာကြောင်း ယနေ့ သတင်းများအရ သိရသည်။

 

သေဆုံးသူပေါင်း ၁၄၄၁၃၇ ဦးရှိ

ထို့ပြင် ဗြိတိန်နိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၆၅ ဦး ထပ်မံတွေ့ရှိခဲ့ရာ လက်ရှိတွင် အဆိုပါရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၄၄၁၃၇ ဦးရှိလာပြီး ဆေးရုံများတွင် ဆေးဝါးကုသမှုခံယူ လျက်ရှိသည့်လူနာ ၈၀၈၈ ဦးရှိကြောင်း သိရသည်။

 

ဗြိတိန်နိုင်ငံ၌ အသက် ၁၂ နှစ်နှင့်အထက် အသက်အရွယ်ရှိသူအားလုံး၏ ၈၀ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်းနှင့် ၈၈ ရာခိုင်နှုန်းကျော်သည် ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် ဗြိတိန်နိုင်ငံ၌ အသက် ၁၂ နှစ်နှင့်အထက် အသက်အရွယ်ရှိသူ အားလုံး၏ ၂၇ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယအကြိမ် အပိုဆောင်းထိုးနှံမှုခံယူပြီးဖြစ်ကြောင်းလည်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်