လန်ဒန် ဒီဇင်ဘာ ၅
ဗြိတိန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၀၅၈၄ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း ကူးစက်ခံရသူပေါင်း ၁၀၃၇၉၆၄၇ ဦးရှိလာကြောင်း ယမန်နေ့က ထုတ်ပြန်သည့် တရားဝင် အချက်အလက်များအရ သိရသည်။
ထို့ပြင် ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၄၃ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံး သူပေါင်း ၁၄၅၄၂၄ ဦး ရှိလာကြောင်း သိရသည်။ နောက်ဆုံး ထုတ်ပြန်သည့်အချက်အလက်များအရ အင်္ဂလန်နိုင်ငံ၌ အိုမီခရွန် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂ ဦး၊ စကော့တလန်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၉ ဦးနှင့် ဝေးလ်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဦး တွေ့ရှိရကြောင်း သိရသည်။
ဗြိတိန်နိုင်ငံ၌ အသက် ၁၂ နှစ်နှင့်အထက် အသက်အရွယ် ရှိသူများ၏ ၈၈ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကာ ၈၀ ရာခိုင်နှုန်းကျော်သည် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်းနှင့် ၃၀ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယအကြိမ် အပိုဆောင်း ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။ ။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်