၁၅ ဇူလိုင်
ဗြိတိန်နိုင်ငံရဲ့ 5G နက်ဝက် တည်ဆောက်ရေးမှာ ဟွာဝေးကုမ္ပဏီ ပါဝင်ခွင့်အား ဒီဇင်ဘာ ၃၁ ရက် နောက်ပိုင်းမှစပြီး တားမြစ်လိုက်ကြောင်း၊ ဗြိတိန် 5G နက်ဝတ်တွင် အသုံးပြုထားသော တရုတ် နည်းပညာ ကုမ္ပဏီထုတ် ပစ္စည်းတွေဟာ ၂၀၂၇ ခုနှစ်မှာ အားလုံးဖယ်ရှားရမှာဖြစ်ကြောင်း ဗြိတိန်အစိုးရက အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဗြိတိန်အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ဒစ်ဂျစ်တယ်ဝန်ကြီး အိုလီဗာ ဒေါင်ဒန်က ပြောကြားတာ ဖြစ်ပါတယ်။ 5G နက်ဝက် အသုံးပြုရေးမှာလည်း တစ်နှစ်လောက် နောက်ကျနိုင်ကြောင်း ဝန်ကြီးက ဆက်ပြောပါတယ်။
အခုဆုံးဖြတ်ချက်ဟာ အမေရိကန်နိုင်ငံက နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အတွက် တားဆီးပိတ်ဆို့ရေး ဆုံးဖြတ်ချက် နောက်ပိုင်းမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဟွာဝေးကတော့ အမေရိကန်ရဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
ဗြိတိန်ရဲ့ အခုဆုံးဖြတ်ချက်ဟာ ဗြိတိန်နဲ့ အာရှရဲ့ အင်အားကြီး နိုင်ငံကြားက ဆက်ဆံရေးအပေါ် အခက်အခဲ ဖြစ်သွားနိုင်ပြီး အနှစ် ၂၀ နီးပါး ဟွာဝေးထုတ် ပစ္စည်းတွေ အပေါ်မှာ မှီခိုနေခဲ့တဲ့ ဗြိတိန် မိုဘိုင်း ထုတ်လုပ်ရေး လုပ်ငန်းတွေအတွက် ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။
ဟွာဝေးကုမ္ပဏီက ဗြိတိန်ရဲ့ ဆုံးဖြတ်ချက်အပေါ် နိုင်ငံရေးအရ လုပ်ဆောင်တာဖြစ်ပြီး ဗြိတိန်ရဲ့ ဒစ်ဂျစ်တယ် ကူးပြောင်းရေး နှောင့်နှေးသွားနိုင်ကြောင်းပြောပါတယ်။
လန်ဒန်ရှိ ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်က အခုဆုံးဖြတ်ချက်အပေါ် စိတ်ဆိုးကြောင်းနဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
MDN
ကိုးကား - AFP