လန်ဒန်  ၁    နိုဝင်ဘာ

           

မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ ပြန်လည်မြင့်တက်လာမှုကိုထိန်းချုပ်ရန် ဗြိတိန်ပြည်သူများကို လေးပတ်ကြာ သွားလာမှုကန့်သတ်မည်ဖြစ်သည်။

           

ဗြိတိန်နိုင်ငံတစ်ဝန်း ဒုတိယအကြိမ် သွားလာမှုကန့်သတ်ချက်ကို နိုဝင်ဘာလ ၅ ရက်မှ ဒီဇင်ဘာလ ၂ ရက်အထိ သတ်မှတ်မည်ဟု ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အောက်တိုဘာလ ၃၁ ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

           

အလုပ်နှင့် လေ့ကျင့်ခန်းကဲ့သို့သော ကိစ္စရပ်များမှလွဲ၍ အပြင်မထွက်ဘဲ အိမ်တွင်းနေကြရန် ၄င်းက ပြည် သူများသို့ တိုက်တွန်းခဲ့သည်။ ကန့်သတ်ချက်များတွင် စျေးဆိုင်များ၊ အရက်ဆိုင်များ၊ ဘားများနှင့် စားသောက်ဆိုင်များ ပိတ်သိမ်းမှု ပါဝင်သည်။

           

ယခင်သတ်မှတ်ခဲ့သည့် သွားလာမှုကန့်သတ်ချက်နှင့်မတူသည်က ယခုတစ်ကြိမ်တွင် စာသင်ကျောင်းများ၊ ကောလိပ်များနှင့် တက္ကသိုလ်များ ဆက်လက်ဖွင့်ထားခွင့်ပြုမည်ဖြစ်သည်။

           

ပထမအကြိမ် သွားလာမှုကန့်သတ်ချက် ပြုလုပ်ပြီးနောက် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုနည်းပါးစေရန် မျှော်လင့်ချက်ဖြင့် ဗြိတိန်အစိုးရက ဒေသန္တရအလိုက် ကန့်သတ်ချက်များ သတ်မှတ်ခဲ့သည်။

           

ဗြိတိန်နိုင်ငံ၌ တစ်ရက်တာအတွင်း ဗိုင်းရပ်စ်ကူးစက်မှု ၂၀၀၀၀ ကျော် ရှိလာခဲ့ပြီး ယမန်နေ့က ဗိုင်းရပ်စ် ကူးစက်မှုအရေအတွက် စုစုပေါင်း တစ်သန်းကျော် ရှိလာခဲ့ချိန်တွင် ယခုကဲ့သို့ ဒုတိယအကြိမ် သွားလာမှုကန့်သတ် ချက် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

           

ဒုတိယအကြိမ် သွားလာမှုကန့်သတ်ချက်ကို လိုက်နာခြင်းဖြင့် မိသားစုများအနေဖြင့် ခရစ္စမတ်ကို အတူတကွ ဆင်နွှဲနိုင်မည်ဟုယုံကြည်ကြောင်း ဘောရစ်ဂျွန်ဆင်က ပြောသည်။

 

ကိုးကား--NHK

Ref; Britain to impose new lockdown on all of England