၂၉ မတ်

 

ဗြိတိန်ပါလီမန်မှာ ဒီကနေ့ ဝန်ကြီးချုပ်ရဲ့ ဘရစ်ဇစ်သဘောတူညီချက်ကို တတိယအကြိမ် မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။ ဒီကနေ့ မဲခွဲဆုံးရာကနေ  ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂကနေ သီတင်းနှစ်ပတ်အတွင်း ထွက်ခွာနိုင်သလို ဒါမှမဟုတ် လပေါင်းများစွာကြာနေတဲ့ နိုင်ငံရေးအရှုပ်အထွေးဟာ အဆုံးသတ်သွားပါတယ်။ 

 

ပါလီမန်ကနေ ဝန်ကြီးချုပ်ရဲ့ ဘရစ်ဇစ်သဘောတူညီချက်ကို နှစ်ကြိမ်တိုင် ပယ်ချပြီးဖြစ်ပါတယ်။


 
ဒီကနေ့ ပါလီမန်မှာ EU ကနေ ထွက်ခွာဖို့အတွက် သဘောတူခဲ့မယ်ဆိုရင် EU ကနေ ဗြိတိန်နိုင်ငံဟာ မေလ ၂၂ ရက်နေ့မှာ နောက်ဆုံးထားပြီး ထွက်ခွာဖို့ သဘောတူနိုင်ကြောင်း သိရပါတယ်။ 

 

ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂအတွင်းမှာ ၄၆ နှစ်ကြာ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ရာ ၂၀၁၆ ဆန္ဒခံယူပွဲမှာ EU ကနေ ထွက်ခွာချင်သူ ၅၂ ရာခိုင်နှုန်း နှင့် ဆက်လက်နေချင်သူ ၄၈ ရာခိုင်နှုန်းဆိုပြီးရှိခဲ့ပါတယ်။ 

 

MDN

 

ကိုးကား - AFP

 

293