ဒဗလျူဘီစီ ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဖူရီဟာ လက်ဝှေ့ကစားသမားဘဝကနေ အနားယူတော့မှာ ဖြစ်တယ်လို့ အတည်ပြုပြောကြားလိုက်ပြီဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ ဗြိတိန်ပရော်ဖက်ရှင်နယ်လက်ဝှေ့သမား တိုင်ဆန်ဖူရီဟာ ဧပြီ ၂၃ ရက်က ပရိသတ် ၉၄၀၀၀ ဝင်ဆံ့တဲ့ ဝင်ဘလေလက်ဝှေ့ကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ဟဲဗီးဝိတ် တန်းပြိုင်ပွဲမှာ ဒီလီယန်ဝှိုက်ကို အနိုင်ရရှိခဲ့ကာ ချန်ပီယံခါးပတ်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် လက်ဝှေ့လောကကနေ အနားယူတော့မှာဖြစ်တယ်လို့ အတိအလင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ဗြိတိန်ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား တိုင်ဆန်ဖူရီအနေနဲ့ လက်ဝှေ့ကြိုးဝိုင်းအတွင်းမှာ အချိန် အများစုကို ကုန်ဆုံးစေခဲ့ပြီးဖြစ်တာကြောင့် မိသားစုအတွက် အချိန်ပေးဖို့ လက်ဝှေ့ကစားသမား ဘဝကနေ အနားယူဖို့ဆုံးဖြတ်ခဲ့ တာဖြစ်တယ်လို့လည်း ရုပ်သံတစ်ခုကနေ လူသိရှင်ကြား ပြောကြား ခဲ့တာ ဖြစ်ပါတယ်။
ဗြိတိန်လက်ဝှေ့လောကရဲ့ နာမည်ကြီးကစားသမားတစ်ဦးဖြစ်တဲ့ တိုင်ဆန်ဖူရီဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား ဘဝတစ်လျှောက်မှာ ၃၃ ပွဲအထိရှုံးပွဲမရှိ စံချိန်တင်ထားနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။
ငွေကြယ်