လန်ဒန်  ၁၅  ဇွန်

 

ဗြိတိန် ဝန်ကြီးချုပ် ထရီဇာမေက ဇွန်လ ၇ နေ့က ကွန်ဆာဗေးတစ်ပါတီခေါင်းကဖြစ်က နှုတ်ထွက်သွားပြီး အသစ်ဖြစ်လာမယ့် ပါတီခေါင်းဆောင်ကို ဝန်ကြီးချုပ်ရာထူးပါ လွှဲပြောင်းပေးမှာဖြစ်ပါတယ်။ အဲဒီတော့ ဝန်ကြီးချုပ် အသစ်ဘယ်သူဖြစ်လာမလဲဆိုတာကို ပါတီတွင်းမှာ မဲပေးပြီး ဆုံးဖြတ်နေပါတယ်။ မနေ့က ပထမအကြိမ် ကွန်ဆာဗေးတစ်ပါတီ လွှတ်တော်အမတ်တွေ မဲပေးဆုံးဖြတ်ရာ ခေါင်းဆောင်နေရာမှာ ဖြစ်နိုင်ခြေရှိသူ ၇ ဦး ကျန်ခဲ့ပြီဖြစ်ပါတယ်။ 

 

ဝန်ကြီးချုပ်အသစ် နဲ့ ဘရစ် အစီအစဉ်မှာ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို ရက်စွဲနဲ့ တင်ပြလိုက်ရပါတယ်။
၁၆ ဇွန်- ချန်နယ်4 ရုပ်မြင်သံကြားရဲ့ မိနစ် ၉၀ အစီအစဉ်မှာ ဝန်ကြီးချုပ်လောင်းတွေရဲ့ ပထမဦးဆုံး စကားစစ်ထိုးပွဲကို တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်တယ်။ 

 

၁၇ ဇွန် - ဝန်ကြီးချုပ်လောင်းက ပါတီတွင်းက လွှတ်တော်အမတ်တွေကို ခေါင်းဆောင်နေရာ လျာထားရမှာဖြစ်ပါတယ်။

 

၁၈ ဇွန်- ကွန်ဆာဗေးတစ်ပါတီ လွှတ်တော်အမတ်တွေ ဒုတိယအကြိမ် မဲပေးရွေးချယ်ခြင်း။ အဲဒီမဲပေးပွဲမှာ မဲ ၃၂ မဲ သို့မဟုတ် အဲဒီထက်နည်းတဲ့ ဝန်ကြီးချုပ်လောင်းက အလိုလျောက် ပြိုင်ပွဲကထွက်ခွာရမှာဖြစ်တယ်။ မဲအများဆုံးနဲ့ အနည်းဆုံးကို စဉ်လိုက်ပြီး မဲအနည်းဆုံး အလိုအလျောက်ပြိုင်ပွဲက ထွက်ခွာရမှာဖြစ်ပါတယ်။ 

 

အဲဒီနောက် ကျန်ခဲ့တဲ့ ဝန်ကြီးချုပ်လောင်းက bbc ရုပ်မြင်သံကြားမှာ စကားစစ်ထိုးရမှာဖြစ်ပါတယ်။ 
၁၉ ဇွန်- တတိယအကြိမ် မဲပေးမှာဖြစ်ပြီး 
၂၀ ဇွန် - စတုတ္ထအကြိမ် နဲ့ ပဉ္စမအကြိမ် မဲပေးရမှာဖြစ်ပါတယ်။  ပါတီက နောက်ဆုံးကျန်မယ့် ဝန်ကြီးချုပ်လောင်း ၂ ဦးသာ ကျန်အောင် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ရပါတယ်။ 

 

၂၀-၂၁ ဇွန် - ဘရပ်ဆဲလ်မှာ ကျင်းပမယ့် ဥရောပသမဂ္ဂဆွေးနွေးပွဲကို ထရီဇာမေ အနေနဲ့ နောက်ဆုံးအကြိမ် တက်ရောက်မှာဖြစ်ပါတယ်။ 
၂၂ ဇွန်- နိုင်ငံလုံးဆိုင်ရာ ကွန်ဆာဗေးတစ်ပါတီဝင် အစည်းအဝေးမတိုင်ခင်မှာ ဝန်ကြီးချုပ်လောင်းတွေက နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ပြောဆိုရာမှာ ပါဝင်ကြရမှာဖြစ်ပါတယ်။ 

 

၂၈-၂၉ဇွန် - ဂျပန်နိုင်ငံ အိုဆာကာ မှာ ကျင်းပမယ့် G20 ဆွေးနွေးပွဲကို ထရီဇာမေ တက်ရောက်ပါမယ်။
၂ ဇူလိုင် - ဥရောပ ပါလီမန်မှာ အသစ်ရွေးချယ်ခံရတဲ့ ဥရောပလွှတ်တော်အမတ်တွေ ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ပါတယ်။ အဲဒီလွှတ်တော်အမတ်တွေထဲမှာ ဗြိတိန်ရဲ့ ဘရစ်ပါတီ အမတ် ၂၉ ဦးလည်း ပါဝင်မှာဖြစ်ပါတယ်။ 

 

၆-၈ ဇူလိုင် - ကွန်ဆာဗေးတစ်ပါတီဝင်တွေက စာတိုက်ကနေတစ်ဆင့် ဆန္ဒမဲပေးပို့ပြီး ပါတီခေါင်းဆောင်ရွေးမှာ ဖြစ်ပါတယ်။ 
၁၃ ဇူလိုင်- ထရီဇာမေ ဝန်ကြီးချုပ်ဖြစ်တဲ့ ၃ နှစ်ပြည့်တဲ့နေဖြစ်ပါတယ်။ 

 

၁၅ ဇူလိုင် - ဒီသတင်းပတ်မှာ ကွန်ဆာဗေးတစ်ပါတီရဲ့ နောက်ဆုံးရွေးချယ်လိ်ုက်တဲ့ ခေါင်းဆောင်ကို တွေ့ရမှာဖြစ်ပါတယ်။
၂၂ ဇူလိုင် - ပါတီခေါင်းဆောင် ရလဒ်မဲကို ကြေငြာမှာဖြစ်ပါတယ်။ 

၂၅-၂၇ သြဂုတ် - ပြင်သစ်နိုင်ငံမှာ ကျင်းပမယ့် G7 ဆွေးနွေးပွဲကို အသစ်ရွေးချယ်လိုက်တဲ့ ဝန်ကြီးချုပ် အသစ် တက်ရောက်မှာ ဖြစ်ပါတယ်။ 
၂၉ စက်တင်ဘာ မှ ၂ အောက်တိုဘာ - ကွန်ဆာဗေးတစ်ပါတီညီလာခံကို အင်္ဂလန် အနောက်မြောက်ပိုင်း မန်ချက်စတာမှာ ကျင်းပမှာဖြစ်ပြီး ပါတီခေါင်းဆောင်သစ်ဟာ နှစ်ချုပ်မိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။

 

၁၇-၁၈ အောက်တိုဘာ - ဥရောပသမဂ္ဂ အီးယူဆွေးနွေးပွဲကို ဘရပ်ဆဲလ်မှာ ကျင်းပမှာဖြစ်ပြီး အင်္ဂလန်ဟာ အဖွဲ့ဝင်ဖြစ်နေသေးတယ်ဆိုရင် ဗြိတိန်ဝန်ကြီးချုပ် တက်ရောက်ရမှာ ဖြစ်ပါတယ်။

 

၃၁ အောက်တိုဘာ - တတိယအကြိမ် ရွှေ့ဆိုင်းမှုကို လက်မခံဘဲနဲ့ စောစော ထွက်ခွာခဲ့မယ်ဆိုရင် ဗြိတိန်ဟာ ဥရောပသမဂ္ဂကနေ နုတ်ထွက်သွားမှာ အသေအချာပဲ ဖြစ်ပါတယ်။

 

MDN