ဗြိတိန်ရေနံတင်သင်္ဘောကို  အီရန် ဖမ်းဆီးရန် ကြိုးစား    

၁၁ ဇူလိုင်

အီရန်တော်လှန်ရေး ကမ်းခြေစောင့်တပ်ဖွဲ့လှေများ က Hormuz ရေလက်ကြားအနီးရှိ ဗြိတိန်ရေနံတင်သင်္ဘော တစ်စင်းကို ချဉ်းကပ်ပြီးဖမ်းဆီးရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများပြောကြားချက်ကို ကိုးကားပြီး အမေရိကန်ရုပ်သံဌာန CNN နှင့် အခြားသတင်းဌာနများက ဖော်ပြထားသည်။

 

rr2

 

ဗြိတိန်တော်ဝင်ရေတပ်သင်္ဘောတစ်စင်းက ထိုရေနံတင်သင်္ဘောကို စောင့်ကြပ်လိုက်ပါခဲ့သဖြင့် ယင်းကမ်းခြေစောင့်တပ်ဖွဲ့လှေများ အဝေးသို့ထွက်ခွာသွားကြောင်း သတင်းများအရ သိရသည်။

 

rr3

 

ပြီးခဲ့သည့် ဇွန်လက ရေနံတင်သင်္ဘောနှစ်စင်း Hormuz ရေလက်ကြားအနီးတစ်ဝိုက်တွင် တိုက်ခိုက်ခံခဲ့ကြရသည်။ ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံက အီရန်နိုင်ငံကို ပြစ်တင်ပြောဆိုခဲ့သော်လည်း ပါဝင်ပတ်သက်မှုမရှိကြောင်း အီရန်နိုင်ငံက ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့သည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို