ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေး စတုဂတ်အိုးပင်းတင်းနစ် ဗိုလ်လုပွဲတက်လှမ်း

ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေးဟာ စတုဂတ်အိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသား တစ်ဦးချင်း ဆီမီးဖိုင်နယ်အဆင့်မှာ ဩစတြေးလျတင်းနစ်ကစားသမား နစ်ကာဂျီယိုကို အနိုင်ရရှိခဲ့တာ ကြောင့် စတုဂတ်အိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲအဆင့်ကို တက်လှမ်းခွင့် ရရှိခဲ့ပြီဖြစ်ပါ တယ်။

အသက် ၃၅ နှစ်အရွယ်ရှိ ဗြိတိန်ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမား အန်ဒီမာရေးဟာ ဆီမီးဖိုင်နယ် အဆင့်မှာ ဩစတြေးလျတင်းနစ်ကစားသမား နစ်ကာဂျီယိုကို ၇-၆(၇-၅)၊ ၆-၂ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး စတုဂတ်အိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ အီတလီပရော်ဖက်ရှင်နယ်တင်းနစ် ကစားသမား ဘာရက်တီနီနဲ့ ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။

အန်ဒီမာရေးဟာ ၂၀၁၆ ခုနှစ်အတွင်းက ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲမှာ ဆုဖလားနှစ်ကြိမ်မြောက် ဆွတ်ခူးခဲ့ပြီး နောက်ပိုင်း အဓိကပြိုင်ပွဲအများစုမှာ ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်းမရှိဘဲ ခြောက်နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်လှမ်းခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

အန်ဒီမာရေးနဲ့ စတုဂတ်အိုးပင်း အမျိုးသားတစ်ဦးချင်း နောက်ဆုံးဗိုလ်လုပွဲမှာ တွေ့ဆုံနေတဲ့ အီတလီ တင်းနစ်ကစားသမား ဘာရက်တီနီဟာ စတုဂတ်အိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ဂျာမနီတင်းနစ်ကစားသမား အော်စကာအော့တီကို ၇-၆(၉-၇)၊ ၇-၆(၇-၅)နဲ့ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ငွေကြယ်