၇ ဧပြီ 

 

ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ခံနေရတဲ့အတွက် တနင်္ဂနွေနေ့က ဆေးရုံတက်ရောက်ပြီး ကုသခံခဲ့ရာ တနင်္လာနေ့ မှာတော့ ရောဂါလက္ခဏာတွေဟာ ဆိုးရွားလာတဲ့အတွက် အရေးပေါ်အထူးကြပ်မတ်ကုသဆောင်ဆီ ခေါ်သွားခဲ့ရကြောင်း ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။

 

ကမ္ဘာ့ကပ်ရောဂါ ကူးစက်ခံစားရနေသူတွေထဲမှာ ဂျွန်ဆင်ဟာ ထင်ရှားဆုံးသူ တစ်ဦး ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဒိုမနစ်ရပ်ဘ် ကို ဝန်ကြီးချုပ်ကိုယ်စား လုပ်ဆောင်ဖို့ ခန့်အပ်ခဲ့ပါတယ်။

 

ကမ္ဘာ့ကပ်ရောဂါကူးစက်ခံရသူ ၁.၃၂ သန်းကျော်ထဲမှ  သေဆုံး ၇၃,၀၀၀ ဦးကျော် ရှိလာပြီဖြစ်ပြီး အခုချိန်ထိလည်း အဆိုးရွားဆုံးတွေနဲ့ ကြုံတွေ့ရနိုင်သေးကြောင်း သတိပေးမှုတွေကလည်း ရှိနေဆဲဖြစ်ပါတယ်။

 

အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း သေဆုံးသူ ၁၁၅၀ ဦးရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်စဉ်မှာ ပြင်သစ်နိုင်ငံမှာလည်း သေဆုံးသူ ၈၃၃ ဦးရှိပြီး အီတလီနိုင်ငံမှာ သေဆုံးသူများ နေဆဲဖြစ်ပါတယ်။ ဉရောပနိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု ဗဟိုချက်ဖြစ်နေတာ ပြီးဆုံးဖို့ အစပြုနေပြီလို့ မျှော်လင့်နေပါတယ်။

 

ဒီကနေ့မှာ ဂျပန်နိုင်ငံမှာ အထူးသဖြင့် ကျန်းမာရေးအရေးပေါ်အခြေအနေ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကြေညာမယ့်လို့ ခန့်မှန်းနေပါတယ်။

 

MDN

ကိုးကား- AFP