လန်ဒန် ဇန်နဝါရီ ၃၀

ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်သည် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါဖူမီယိုနှင့် တွေ့ဆုံဆွေးနွေးသွားရန် ဖေဖော်ဝါရီလလယ်ပိုင်း၌ ဂျပန်နိုင်ငံသို့လာရောက်ရန် အစီအစဉ်ရှိသည်ဟု သိရသည်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အနေဖြင့် ဝန်ကြီးချုပ်ဖြစ်လာသည့်အချိန်မှစတင်ကာ ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ် ကီရှီဒါနှင့် ဒုတိယအကြိမ် လူချင်းတွေ့ဆုံခြင်း ဖြစ်မည်ဖြစ်သည်။

ကိုဗစ်-၁၉တိုက်ဖျက်ရေးနှင့် ကာဗွန်ကင်းစင်သည့် နယ်မြေတည်ထောင်ရေးအတွက် လိုအပ်သည့် အချက်များကို ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ