၂၂ သြဂုတ်
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြင်သစ်ဝန်ကြီးချုပ် မာကွန် တွေ့ဆုံဆွေးနွေးရန် ဒီကနေ့ (ကြာသပတေးနေ့)မှာ ပြင်သစ်နန်းတော် လီစေးမှာ တွေ့ဆုံဖို့ရှိပါတယ်။ အခုခရီးစဉ်ဟာ ဂျွန်ဆင် ဝန်ကြီးချုပ် တာဝန်ယူပြီးနောက် ပထမဦးဆုံးသောခရီး ဖြစ်ပါတယ်။
ဂျာမန်အဓိပတိ အန်ဂျလာ မာကေးနဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ မနေ့က တွေ့ဆုံပြီး ဘရစ်ဇစ်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ပါတယ်။
ပြင်သစ်ဝန်ကြီးချုပ်က မနေ့ကတည်းက ဗြိတိန်ဝန်ကြီးချုပ်နဲ့ အိုင်ယာလန်နယ်စပ်အကြောင်းကို ဆွေးနွေးရန်မရှိဘူး။ ဥရောပသမဂ္ဂဥက္ကဋ္ဌ က ဘရစ်ဇစ်နဲ့ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်း ပြောပြီးဖြစ်တယ်။ ဗြိတိန်က ဆွေးနွေးခြင်ကြောင်း ပြောလာတာက လုပ်ဆောင်ရမယ့် အချက်တစ်ခုမဟုတ်ဘူးလို့ ဂျွန်ဆင် ပြင်သစ် နိုင်ငံကို မရောက်ခင်မှာ ပြောဆိုလိုက်ပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ဝင် အိုင်ယာနိုင်ငံ နဲ့ ဗြိတိန်နိုင်ငံရဲ့ မြောက်ပိုင်းအိုင်ယာလန်တို့ကြားက နယ်စပ်ကိစ္စနဲ့ပတ်သတ်ပြီး ဝန်ကြီးချုပ်ဟောင်း ထရီဇာမေနဲ့ ဆွေးနွေးပြီးဖြစ်တဲ့အတွက် ဥရောပသမဂ္ဂ (EU) အနေနဲ့ ဗြိတိန်နိုင်ငံနဲ့ ထပ်မံဆွေးနွေးစရာမရှိတော့ကြောင်း ထပ်မံပြောဆိုလိုက်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ကလည်း ဝန်ကြီးချုပ်ဟောင်း ထရီဇာမေနဲ့ သဘောတူထားတဲ့ အိုင်ယာလန် နယ်စပ်ကိစ္စကို သူ့အနေနဲ့ သဘောမတူကြောင်း၊ အောက်တိုဘာ ၃၁ ရက်နေ့မှာ ဥရောပသမဂ္ဂကနေ သဘောတူညီချက်မရှိဘဲ ထွက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ သဘောတူညီချက်မရှိဘဲ ဥရောပသမဂ္ဂနေ အောက်တိုဘာ ၃၁ ရက်နေ့မှာ ထွက်မယ်ဆိုရင် ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးမှာ မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
အခု စနေ၊ တနင်္ဂနွေနေ့မှာ ပြင်သစ်နိုင်ငံမှာ ကျင်းပမယ့် G7ဆွေးနွေးပွဲတွင် ဗြိတိန်ဝန်ကြီးချုပ်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါ နဲ့ ဂျပန်နိုင်ငံက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
MDN
ကိုးကား - AFP