၂၄ မေ

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ ဟာ လာမည့် ဇွန်လ ၇ နေ့မှာ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်အဖြစ်ကနေ နှုတ်ထွက်ပေးမှာဖြစ်ပြီး ဝန်ကြီးချုပ်ရာထူးကိုတော့ တာဝန်ယူ ဆက်ခံမယ့်သူ မရမခြင်း တာဝန်ထမ်းဆောင်သွားမယ်လို့ ဒီကနေ့ထုတ်ပြန်ကြေညာသွားပါတယ်။

ဝန်ကြီးချုပ်အဖြစ် နာမည်တင်သွင်းခြင်းကို ဇွန်လ ၁၀ နေ့မှာ စတင်မှာဖြစ်ပြီး ဗြိတိသျှ သတင်းစာတွေက ထင်ကြေးပေးထားသူ ၁၈ ဦးရှိရာ လန်ဒန်မြို့တော်ဝန်ဟောင်း၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်လည်း တစ်ဦးအပါဝင်တာကို တွေ့ရပါတယ်။ MDN

ကိုးကား- AFP