၂၉ ဧပြီ
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ ၎င်းရဲ့လက်တွဲဖော် ကယ်ရီဆီမွန်းတို့ရဲ့ သားလေးအား ဒီကနေ့ (ဗုဒ္ဓဟူးနေ့) မှာ လန်ဒန်မြို့က ဆေးရုံတစ်ရုံတွင် မွေးဖွားကြောင်း သိရပါတယ်။
အသက် ၅၅ နှစ်အရွယ် ဝန်ကြီးချုပ် နဲ့ အသက် ၃၂ နှစ်အရွယ် သူရဲ့လက်တွဲဖော်တို့က ကျန်းမာတဲ့သားလေး မွေးဖွားကြောင်း ကလေးရောမိခင်ပါ ကျန်းမာကြောင်း ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဝန်ကြီးချုပ်မှာ ပထမအိမ်ထောင်နဲ့ကလေး (၄) ဦးရှိပြီး ပထမအိမ်ထောင် နဲ့ ၂၀၁၈ ခုနှစ်က ကွာရှင်းခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ကစပြီး လက်ရှိ လက်တွဲဖော်နဲ့ အကြောင်းပါပြီး နှစ်ကုန်ပိုင်းက စေ့စပ်ခဲ့ကြပါတယ်။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီက သူတို့နှစ်ဦး လက်ထပ်ကြတော့မှာဖြစ်ကြောင်းနဲ့ နွေဦးရဲ့ အစောပိုင်းကာလမှာ ကလေးမွေးဖွား မှာဖြစ်ကြောင်း ကြေညာထားခဲ့ပါတယ်။
ဂျွန်ဆင်ဟာ ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ်နေအိမ်မှာ လက်ထပ်မထားတဲ့ စုံတွဲနေထိုင်ခြင်းရဲ့ ပထမဦးဆုံးသူ ဖြစ်လာပါတယ်။
ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်ကို ဝန်ကြီးချုပ် တက်ရောက်ခြင်းမရှိဘဲ နိုင်ငံခြားရေးဝန်ကြီးက ဝန်ကြီးချုပ်ကိုယ်စား လွတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေကို ဖြေနေကြောင်း တွေ့ရပါတယ်။
ဘောရစ်ဂျွန်ဆင်ဟာ ဒေါင်းနင်းလမ်းက နေအိမ်မှာ ကလေးမွေးဖွားတဲ့ တတိယမြောက် ဝန်ကြီးချုပ် ဖြစ်လာပါတယ်။
၂၀၀၀ ခုနှစ်က ဝန်ကြီးချုပ်တိုနီဘလဲ နဲ့ သူ့ဇနီးတို့က သားငယ် လီယိုကို မွေးဖွားခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းနဲ့ ဇနီးတို့ကနေ သမီးငယ် ဖလောရန့်ကို ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ်နေအိမ်မှာ မွေးဖွားခဲ့ကြပါတယ်။
MDN
ကိုးကား - AFP