နေပြည်တော် ၁၈ မတ်
ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ် -၁၉ အဆုတ်ရောင်ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်တားဆီးရန်နှင့် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များကြောင့် ဗြိတိသျှကောင်စီရုံးများကို မတ် ၁၉ ရက်တွင် စတင်၍ ယာယီပတ်ထားမည်ဖြစ်သော်လည်း အွန်လိုင်းအခမဲ့ အင်္ဂလိပ်စာသင်တန်းများနှင့် ဒီဂျစ်တယ်စာကြည့်တိုက် ဝန်ဆောင်မှုများကို အွန်လိုင်းမှတစ်ဆင့် ဆက်လက်ရယူနိုင်ကြောင်း ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
စာကြည့်တိုက်ဝန်ဆောင်မှုများကို ဧပြီ ၃၀ ရက်အထိ ယာယီဆိုင်းငံ့ထားမည်ဖြစ်ပြီး နွေရာသီ ရက်တိုသင်တန်းများအပါအဝင် သင်တန်းများ အားလုံးကိုလည်း ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။ ယူကေ စာမေးပွဲဝန်ဆောင်မှုများအားလုံးကိုလည်း ပြန်လည်သုံးသပ်လျက်ရှိပြီး အချို့ ယူကေစာမေးပွဲဘုတ်အဖွဲ့များသည် မြန်မာနိုင်ငံရှိ စာမေးပွဲများကို ရွှေ့ဆိုင်းထားပြီးဖြစ်ကြောင်း သိရသည်။ ဗြိတိသျှကောင်စီမှ စာမေးပွဲနှင့် ပတ်သက်သည့် အချက်အလက်များကို အသိပေးသွားရန်ရှိပြီး IELTS နှင့် Cd IELTS ဖြေဆိုမည့် သူများသည် ဝင်ခွင့်များနှင့်အတူ ဗြိတိသျှကောင်စီ အဆောက်အအုံများသို့ လာရောက်စုံစမ်းနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
သွန်းဝဿန်


