ပြည် ၅ အောက်တိုဘာ
အောက်တိုဘာ ၅ ရက် နံနက် ၈ နာရီခွဲက ပြည်မြို့နယ်အတွင်း ၁၉၄၅ ခုနှစ်၊ မတ်လ(၂၆)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ခေတ္တစခန်းချတည်းခိုခဲ့သော ဦးချင်+ဒေါ်ဧရှင်ဇရပ် ပြန်လည်ပြုပြင်နေမှုအား ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့အဖွဲ့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဝန်ကြီးချုပ်ဦးဝင်းသိန်းက မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာကြီး ခေတ္တစခန်းချတည်းခိုခဲ့သည့် နေရာဖြစ်၍ ရှေးမူမပျက် ပြန်လည်ပြုပြင်ရာတွင် တာဝန်ရှိသူများအားလုံး အထူးသတိထား ဆောင်ရွက်ကြစေလိုကြောင်း၊ နောင်လာနောင်သားများအတွက် လွပ်လပ်ရေးသမိုင်းဝင် အဓိကနေရာတစ်ခုဖြစ်သည်ကို သိရှိနိုင်စေရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ကော်မတီဖွဲ့စည်း ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း ခေတ္တစခန်းချတည်းခိုခဲ့သော ဦးချစ်+ဒေါ်ဧရှင် ဇရပ်အား ပြန်လည်ပြုပြင်နိုင်ရေး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေကျပ်(၁၇၅)သိန်း ထောက်ပံ့ပေးအပ်ထားကြောင်း သတင်းရရှိသည်။
ဟိန်းထက်(ပြန်/ဆက်)


