သုံးခွ ၁၃ ဖေဖော်ဝါရီ
ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာန ရုံးချုပ်မှထုတ်ဝေသော ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ်(၃) ဖြန့်ဝေခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်ရှိ မြန်မာနိုင်ငံကလေးများနေ့ ဈေးပွဲတော်နှင့် လူစည်ကားရာ နေရာများဖြစ်သည့် ကားဂိတ်၊ ဆိုင်ကယ်ကယ်ရီဂိတ်၊ အ.ထ.က ကျောင်းများနှင့် မြို့မဈေးတို့တွင် ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်၌ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းအကြောင်းအရာများကို ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိစေရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း၏ “နေမင်းလမင်းဂုဏ်သတင်း”၊ “ဗိုလ်ချုပ်အောင်ဆန်း၏ ပြတိုက်များ”၊ “နိုင်ငံခြားသားကပင် လေးစားရသော ဗိုလ်ချုပ်အောင်ဆန်း”၊ “ဗိုလ်ချုပ်အောင်ဆန်း၏ နာမည်များ”နှင့် အတ္တုပ္ပတ္တိအကျဉ်း စသည့် ပြည်သူများဖတ်ချင်စဖွယ် ကဏ္ဍစုံလင်စွာ ဖော်ပြထားရှိကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)