ပုဗ္ဗသီရိ ၃ ဖေဖော်ဝါရီ
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်(အကြို) မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာရွတ်၊ သီချင်းဆို၊ ကျပန်း၊ ပန်းချီနှင့် ဗိုလ်ချုပ်မိန့်ခွန်းပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲများကို ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အထက်တန်းအဆင့် ဗိုလ်ချုပ်ပုံတူ ပန်းချီပြိုင်ပွဲတွင် ၁၂ ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် ၁၀ ဦး၊ သီချင်းဆိုပြိုင်ပွဲတွင် ၆ ဦး၊ ကျပန်း စကားပြောပြိုင်ပွဲတွင် ၆ ဦး၊ အလယ်တန်းအဆင့် ဗိုလ်ချုပ်ပုံတူ ပန်းချီပြိုင်ပွဲတွင် ၃၁ ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် ၁၄ ဦး၊ သီချင်းဆိုပြိုင်ပွဲတွင် ၇ ဦး၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ၇ ဦး၊ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲတွင် ၁၂ ဦးနှင့် ဗိုလ်ချုပ်မိန့်ခွန်းပြော ပြိုင်ပွဲတွင် ၆ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသော ကျောင်းသား ကျောင်းသူများအား ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အခမ်းအနားတွင် ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ပုဗ္ဗသီရိမြို့နယ်၊ ဇဝနဒီပရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၌ ဖေဖော်ဝါရီ ၁၂ နှင့် ၁၃ ရက်နေ့များတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)