မန္တလေး ၁၃ ဖေဖော်ဝါရီ
မန္တလေးမြို့၊ ချမ်းအေးသားစံမြို့နယ်တွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် ၉ နာရီမှ စ၍ကင်းထောက် လူငယ်များ စုပေါင်းသန့်ရှင်းရေးပြုလုပ်ကြောင်း သိရသည်။

“ဗိုလ်ချုပ်မွေးနေ့လည်းဖြစ် မြန်မာနိုင်ငံကလေးများနေ့လည်း ဖြစ်တဲ့ ဒီနေ့မှာ ပတ်ဝန်းကျင် ထိန်းသိမ်းတဲ့အနေနဲ့ ကင်းထောက်လူငယ်များ စုပေါင်းသန့်ရှင်းရေးပြုလုပ်တာ ဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းတွေနဲ့ လမ်းတွေမှာ ညစ်ပတ်နေတာတွေ အမှိုက်တွေကို သန့်ရှင်းရေး ပြုလုပ် သွားမှာပါ။ ” အမျိုးသမီးကင်းထောက်လူငယ်များအဖွဲ့ နည်းပြ ဒေါ်နုနုလှိုင်က ပြောသည်။

အဆိုပါ ကင်းထောက်လူငယ်များ စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် ၅တန်းမှ ၁၀တန်းထိ ကင်းထောက် လူငယ် ၅၀ ဦးပါဝင်ပြီး ၈၉ လမ်းတစ်လျှောက်ရှိ ဘုန်းကြီးကျောင်းများနှင့် ၈၉ လမ်းတစ်လျှောက်ရှိ အမှိုက်များကောက်ခြင်းနှင့် ညစ်ပတ်နေသော နေရာများ သန့်ရှင်းရေးလုပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တင်ဇာလှိုင်