လမိုင်း   ၁၃  ဖေဖော်ဝါရီ

 

ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ဗိုလ်ချုပ်ပုံတူ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပြပွဲများကို ယနေ့ နံနက် ၁၀ နာရီက မော်လမြိုင်ခရိုင် လမိုင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေဗဟိုဌာနခန်းမနှင့် ကလေးစာဖတ်ခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ မူလတန်းအဆင့် ဗိုလ်ချုပ်ပုံတူပန်းချီပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပရာ ကျောင်းသား ကျောင်းသူ ၃၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

 

ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသော ကျောင်းသား ကျောင်းသူများကို မြို့ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်ဖြင့် ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကိုလည်း ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ လေ့လာကြည့်ရှုခဲ့ကြသည်။

 

လမိုင်း(ပြန်/ဆက်)