ကျိုက်မရော ၂၃ ဇန်နဝါရီ

 

၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်အဖြစ် အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းက ကျိုက်မရောမြို့ရှိ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ပြိုင်ပွဲမကျင်းပမီ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ အ.ထ.က ကျိုက်မရောမှ   အလယ်တန်းအဆင့် ကျောင်းသူကျောင်းသား (၁၅)ဦးတို့က အောင်ဆန်းဂုဏ်ရည် ကလေးကဗျာများ စာအုပ်မှ ဗိုလ်ချုပ်အောင်ဆန်းကိုချစ်လျှင် ကဗျာဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲတွင် ဆုရရှိသော ကလေးများအား မြို့နယ်ဦးစီးမှူးက ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

MDN