ဝေါလေမြိုင် ၂၈ ဇန်နဝါရီ
ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၄)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဇန်နဝါရီ ၂၇ ရက်က ဝေါလေမြိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကျင်းပသည်။
အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ (၁၃)ဦးက စာရေးဆရာကိုမြင့်ထွန်း ရေးသားသော ဗိုလ်ချုပ်ကဗျာများစာအုပ်မှ အောင်ဆန်းဇာနည်၊ လွတ်လပ်ရေးဖခင်၊ နတ်မောက်သား၊ ဗိုလ်ချုပ်ဆိုတာ စသည့်ကဗျာ (၄)ပုဒ်ကို မဲနှိုက်ပြီး ကျသည့်အပုဒ်ကို ယှဉ်ပြိုင်ရွတ်ဆိုခဲ့ကြသည်။
ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများကို ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပမည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်ပြဘုတ်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲတွင် ဆုများချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
MDN