ကျောက်တလုံးကြီး ၁၂ ဖေဖော်ဝါရီ

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် (၁၀၅)နှစ်မြောက် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်ပုံတူပန်းချီပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၉ နာရီက  ကျောက်တလုံးကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။

 

2501

 

ရှေးဦးစွာ ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်မြဝင်းက ပြိုင်ပွဲကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်ပုံတူပန်းချီပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အခြေခံပညာ အထက်တန်းကျောင်း (ကျောက်တလုံး)၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) နောင်ခဲနှင့် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ဆောင်းဖိုးတို့မှ ကျောင်းသား ကျောင်းသူလေးများ တို့က ဗိုလ်ချုပ်ပုံတူပန်းချီရေးဆွဲကြသည်။

 

53

 

ထို့နောက် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်ပုံတူ ပန်းချီပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု အသီးသီးရရှိသည့် ကျောင်းသားကျောင်းသူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများတို့က အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

53.

 

ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ “လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ချက်များကို လူငယ်အစဉ်အဆက်တို့ သိရှိကြစေရန်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဖြောင့်မတ်တည်ကြည်စိတ်၊ ရဲရင့်စိတ်၊ မဆုတ်မနစ် အားထုတ်တတ်သော စိတ်များကို လူငယ်တို့ အတုယူနိုင်ကြစေရန်နှင့် စိတ်ဓာတ်ရော၊ အရည်အသွေးပါပြည့်ဝ၍ နိုင်ငံအတွက် ရွပ်ရွပ်ချွံချွံ သယ်ပိုးထမ်းရွက်လိုသည့် လူငယ်လူရွယ်များ ဖြစ်လာကြစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြဝင်းက ပြောကြားသည်။

 

ခွန်အာကာ(ကျောက်တလုံး)