လှိုင်းဘွဲ ၂၈ ဇန်နဝါရီ
ကျောင်းသားကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ကျရောက်မည့်ဗိုလ်ချုပ် ပုံတူပန်းချီဆွဲပြိုင်ပွဲကို ယနေ့နံနက်(၉) နာရီအချိန်တွင် (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဗိုလ်ချုပ်ပုံတူပန်းချီဆွဲပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က ဗိုလ်ချုပ်၏ ဖြောင့်မတ်တည်ကြည်သည့်စိတ်၊ အမှန်တရားကိုမြတ်နိုးသည့်စိတ်၊ ရဲစွမ်းသတ္တိရှိမှု၊ အများအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်တတ်မှု စသည့်အကြောင်းအရာများပေါ်လွင်စေရန်နှင့် နိုင်ငံသူ နိုင်ငံသားများနှင့် ကလေးငယ်များ၏ စိတ်ထဲတွင် ဗိုလ်ချုပ်အား စွဲမြဲသွားပြီး အတုယူတတ်လာစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ ကျောင်းသားကျောင်းသူ (၂၂)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယ ရရှိသော ကျောင်းသားကျောင်းသူများကို ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲအခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
သိန်းသန်း