ကျိုက်မရော ၂၅ ဇန်နဝါရီ 


၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အထက ( ခွဲ) ကျိုက်မရောခန်းမ၌ ကျင်းပခဲ့သည်။ 

 

mdn

 

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး အထကခွဲ ကျိုက်မရောကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးခိုင်က ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ 

 

mdn

 

ဆက်လက်၍ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ တို့က မိမိတို့နှစ်သက်ရာ ဗိုလ်ချုပ် အောင်ဆန်းမိန့်ခွန်းနှင့် ကဗျာများကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မူလတန်းအဆင့် ကျောင်းသူ ၊ကျောင်းသား လေးများက (Happy Birthday) ဗိုလ်ချုပ်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။


ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းအုပ်ဆရာမကြီး နှင့်မြို့နယ်ဦးစီးမှူးတို့က ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။ 


ချိုမြတ်မြတ်ထွေး  ( ပြန်/ ဆက်)

 

mdn