နေပြည်တော် ၂၁ ဇွန်
(၇၂)ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထူးပြပွဲခင်းကျင်းပြသရေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ဗိုလ်ချုပ်အောင်ဆန်း နေအိမ် ပြတိုက် (ရန်ကုန်) ကို ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၈ ရက်အထိ ခေတ္တပိတ်ထား မည်ဖြစ်ပါကြောင်း နှင့် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်(ရန်ကုန်) နှင့် (နတ်မောက်)တို့ အား ယခင်နှစ်များအတိုင်း အခမဲ့ဝင်ရောက် လေ့လာခွင့်ပြုမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန မှ သိရသည် ။
မောင်လူမော်