ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်၊ ဆီအောကျေးရွာ၏ မြောက်ဘက် ပွိုင့်-၂၂၀၂ တောင်ကုန်း(ဆင်ဦးကင်းကုန်း)ပေါ်ရှိ ဒေသခံပြည်သူများနှင့် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီတစ်ဆူအား MNDAA အကြမ်းဖက်သောင်းကျန်းသူများက ဖျက်ဆီးခဲ့မှုနှင့်ပတ်သက်ပြီး အများပြည်သူမှ ပြင်းထန်စွာကန့်ကွက်ရှုံ့ချနေမှုများ၊

အကြမ်းဖက်သောင်းကျန်းသူများ၏ ၁၀ နှစ်အရွယ် ကလေးငယ်များပါမချန် အတင်းအဓမ္မ လူသစ်စုဆောင်းနေမှု အခြေအနေများ၊

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong အား လက်ခံတွေ့ဆုံခဲ့မှု ခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ရင်းနှီးချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊

နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည့် အခြေအနေများ၊

မြဝတီမြို့အနီးရှိ အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ KNU မှ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဗြောင်လိမ်ဗြောင်စား ကြေညာချက်ထုတ်ပြန်မှု၊

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားပြည်သူများ၊ မိသားစုဝင်များ လုံခြုံရေးအတွက် ဦးစားပေး ဆောင်ရွက်နေမှု အခြေအနေများ၊

အကြမ်းဖက်သောင်းကျန်းသူများ၏ တရုတ်ဘာသာဖြင့်အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာများတွင် ဒေသခံတိုင်းရင်းပြည်သူများမှ သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ဝင်ရောက် ရေးသားကန့်ကွက်မှုများနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်