မြေပုံ မေ ၂၁
ရခိုင်ပြည်နယ်၊ မြေပုံမြို့၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုး ဦးဆောင်သော သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီဝင်များက မေ ၂၁ ရက် နံနက်ပိုင်းက တောင်ပေါ်ရပ်ကွက်ရှိ ဘင်္ဂလီလူမျိုးများ၏ လေဘေးသင့်အဆောက်အအုံများ၊ မြေပုံမြို့ပေါ်ရှိ လေဘေး ခိုလှုံရာ စခန်း ဖွင့်လှစ်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကြည့်ရှုခဲ့သည်။
ဗိုလ်မှူးချုပ်ကျော်ကျော်စိုးနှင့် အဖွဲ့သည် တောင်ပေါ်ရပ်ကွက်သို့ သွားရောက်ရာတွင် လေဘေးသင့် အဆောက်အအုံများအား ကြည့်ရှုပြီး ဘင်္ဂါလီလူမျိုးများ၏ ဘုရားဝတ်ပြုရာ နေရာအား စောလျင်စွာပြင်ဆင်ကြရန်နှင့် ဥစားကြက် မွေးမြူရေးလုပ်ငန်းများ တစ်နိုင်တစ်ပိုင် ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် မြေပုံမြို့ပေါ်ရှိ လေဘေးခိုလှုံရာစခန်းဖွင့်လှစ်ခဲ့သည့် မြို့မကုသိနာရုံ ပရိယတ္တိစာသင်တိုက်သို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော် ဦးရာဇိန္ဒအား ဖူးမြော်ပြီး ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များကိုလည်းကောင်း၊ တောင်ကျောင်း ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဦးသိရောမဏိအား ဖူးမြော်ပြီး ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များ ကို လည်းကောင်း လှူဒါန်းကာ ဆရာတော်များထံမှ ဩဝါဒခံယူခဲ့သည်။
တင်ဝင်း(ပြန်/ဆက်)