ရန်ကုန် ဩဂုတ် ၃
ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဆရာတော် သံဃာတော်များအား သံဃဒါနပိဏ္ဍပါတ် တန်းဆွမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ စေတီတော်ရင်ပြင်၌ ကျင်းပသည်။
တန်းဆွမ်းလောင်းလှူပူဇော်ပွဲတွင် ဂေါပကအဖွဲ့၀င်များနှင့် ဂေါပကအဖွဲ့ရုံး ၀န်ထမ်းများ၊ ဘုရားဖူးလာ ပြည်သူများက စေတီတော် ၀တ္တကမြေ အတွင်းရှိ ကျောင်းတိုက်များဖြစ်သည့် ပုညသုခကျောင်း၊ အလင်းရောင်ကျောင်း၊ ပတ္တမြားကျောင်း၊ စေတိယပါလကျောင်း၊ နိဗ္ဗာန်ကျောင်း၊ ပရိယတ္တိကျောင်း၊ ဓာတ်မီးကျောင်း၊ ဝါဆိုကျောင်း၊ သီရိမင်္ဂလာကျောင်း၊ ရွှေရင်မျှော်ကျောင်းနှင့် မွန်ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်း၊ သင်္ကန်း အစရှိသော လှူဖွယ်များ လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။
ကိုကိုဇော်-mna
Breaking News


